71(2014)

’71(2014)
’71(2014)
IMDb….7.2,,,Rotten….95
(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….)))
ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…
သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်……
တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်…
သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာ
ကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘ၀ကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ  မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်
ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း
ပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…
မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာအမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..
ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….
’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေး
ယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..
လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..
ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့
Zwel Zan Aung ပဲဖြစ်ပါတယ်…
File Size : (931 MB) and (312 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:39:00
Genre :  ActionDramaThriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zwel Zan Aung
Encoded by Phyo Pyae



The Wolf of Wall Street (2013)

  The Wolf of Wall Street (2013)


IMDb (8.2)…Rotten Tomatoes(78%)
– – – – – – – –
The Wolf of Wall Street [2013]
အရမ်းကောင်းတယ်။ ဇာတ်က မြူးတယ်။ The Great Gastby မှာ သူဋ္ဌေးကြီး တစ်ယောက်ပုံစံ သရုပ်ဆောင်ခဲ့တဲ့ လီယိုနာဒို ဟာ ဒီဇာတ်ကားမှာ လူလည်စီးပွားရေးသမား၊ ရင်းနှီးမြုပ်နှံသူ၊
Stock breaker တစ်ယောက်အဖြစ် (ပြေတီဦးပြောတဲ့ အလှုပ်ဇာတ်ရုပ် ကို) ပီပြင်အောင် သရုပ်ဖော်သွားတယ်။ ဒါ့အပြင် အော်စကာ Nominee ဟာသမင်းသား Jonah Hill ကို သူရဲ့လက်ထောက်အဖြစ် ထည့်ထားတော့ ဇာတ်က ပိုပြီး Hilarious ဖြစ်သွားတယ်။
ငွေကြေးအမြတ်အစွန်းတွေ အများကြီးရလိုက်လို့ ကုမ္ပဏီရုံးခန်းထဲမှာ ပါတီပေးပြီး
Stripper တွေ အုပ်လိုက်ကြီးခေါ်ထည့်လိုက်တဲ့ အခန်းတွေဆို မပြုံးဘဲ ၀ါးလုံးကွဲရီရတယ်။
လီယိုနာဒိုက ဒီဇာတ်ကားမှာ လူလည်တစ်ယောက်၊ FBI က ဂရုတစိုက်စောင့်ကြည့်နေတဲ့ သန်းကြွယ်သူဋ္ဌေး၊ Wall Street ရဲ့ မြေခွေးလို့ သတ်မှတ်ထားတဲ့ ဂျင် ပေါ်က ထုံး၊ သူက အဆင့်မြင့် တက္ကသိုလ်ကြီး တွေက ဘွဲ့ရပညာတတ် မဟုတ်ဘူး။ စီးပွားရေးကို ၀ါသနာပါ လို့ဆိုတာထက် သူဋ္ဌေးဖြစ်ချင်စိတ်နဲ့ ကြိုးစားခဲ့သူ။ အလုပ်ကို ရူးရူးသွပ်သွပ်၊ passion နဲ့အားကြိုးမာန်တတ်ကြိုးစားသူ၊ သူဋ္ဌေးတွေအိပ်ထဲက ငွေတွေကို သူ့ အိပ်ထဲရောက်
လာအောင် စကားပရိယယ်ဆင်ပြီး ရင်းနှီးမြုပ်နှံခိုင်းသူ၊ လက်အောက်ငယ်သားတွေ ကို
တပြေးညီ ဆက်ဆံတတ်သူ၊ သူလို ကြွယ်ဝချမ်းသာလာအောင် စိတ်ဓါတ်ရေးရာအရ ရိုက်သွင်းပေးသူ၊ မြာပွေသူ၊ အပျော်အပါးလိုက်စားသူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၊
အမေရိကန် ရဲ့ ဘဏ်/ ငွေကြေး ပေါ်လစီ၊ ရင်းနှီးမြုပ်နှံမှုတွေ နဲ့ Stock exchange တွေ
အကြောင်း နားလည်တဲ့သူတွေဆို ဒီ ဇာတ်လမ်းရဲ့ ဇာတ်သဘော အရသာကို ပိုပြီးခံစားမိနိုင်တယ်။ ငွေကိုရေလိုသုံးနိုင်တဲ့ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ရဲ့ အကြောင်းမို့
လိင် အပျော်အပါးနဲ့၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေကို ဇာတ်ဝင်ခန်းတော်တော် များများ မှာ ထည့်ရိုက်သွားတယ်။ (ငွေက လူကို ပျက်စီးစေသလား၊ လောကဓံရှစ်ပါးထဲ အောင်မြင်ကြွယ်ဝ လွန်းခြင်းဆိုတဲ့ ဒါဏ်ကိုခံနိုင်ဖို့ဆိုတာလည်း တကယ်တမ်းတော့ မလွယ် …)
နှစ်သက်မိတဲ့ Movie Quote ….
“လူတစ်ယောက် အရမ်းအောင်မြင်လာပြီ၊ အမြင့်တတ်လာပြီဆိုရင် … သူ့ကို ဟိုး
အောက်ဆုံးထိ ပြန်ဆွဲချဖို့ ကြံနေတဲ့ လူတစ်ယောက်လည်း အမြဲတမ်း ရှိနေတတ်တယ် ….”
ကျန်တာတော့ စိတ်ဝင်စားရင် ပိတ်ကားပေါ်မှာဆက်လက် ကြည့်ရှု့ပါ။
R rated : Video contain mature contents ….
(ရုပ်ရှင်အညွှန်းကို Than Htun Wunna Facebook မှကူးယူဖော်ပြပါသည်။)


Loving Pablo 2018

 Loving Pablo
Javier Bardem in Loving Pablo (2017)

ဒီတစ်ခေါက်မှာတော့ မူးယစ်ရာဇာကြီး ပါဘလို ရဲ့ အကြောင်းကို


ဇတ်လမ်းရိုက်ကူးထားတဲ့ Loving Pablo ဆို တဲ့ ရုပ်ရှင်ကားနဲ့

မိတ်ဆက်ပေးပါရစေ ….

တစ်ကမ္ဘာလုံးက အလိုရှိနေတဲ့ ကိုလံဘီယာ ဘိန်းဘုရင်ကြီး ပါဘလို ရဲ့

အငယ်အနှောင်း တစ်ဦး က ပြန်ပြောပြထားတဲ့ ပုံစံ ဇတ်လမ်းလေးပါ

ဒီဇတ်လမ်းတစ်ခုထဲမှာတင် ပါဘလို ရဲ့ ဘ၀ စတင်မှု တစ်ချို့ နဲ့

ကျဆုံးခန်းတွေ ပါဝင်ပါတယ် အတော်လေးလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်



အောက်ပါ အညွှန်းကိုတော့ ဦးသူရ (ဇာဂနာ) ဆီမှ ကူးယူဖော်ပြပါသည်။
ကိုလံဘီယာ မူးယစ်ရာဇာ ပါဘလို အက်စ်ကိုဘာ အကြောင်းရုပ်ရှင် ၂ကားထွက်ပါတယ်။
ပထမကားက escobar paradise lost ၂၀၁၄ ပါ။ဘင်နဇီရို ဒယ်လ် တိုရို နဲ့ပါ။
ခု ထွက် လာတာကတော့ မင်းသား ဂျာ ဗီယာ ဘာဒန် ၊ မင်းသမီး ပင်နလိုပီ ခရုဇ် နဲ့ပေါ့။
သိပြီးသား အကြောင်း ကို ဘာလို့ ထပ်ရိုက်နေတာလဲ လို့ပြောသင့်ပါတယ်။ မေးသင့်ပါတယ်။
ရုပ်ရှင်ကြည့် လိုက်တော့မှ အော် ကိုယ် မသိသေးပါလားဆိုတာ သိသွားပါလိမ့်မယ်။
အခု အသစ် ထွက်လာတဲ့ Loving pablo ဟာ စာရေးဆရာမ ဗာ ဂျီနီးယား ဗာ ဟဲရို ရဲ့
Loving pablo,Hating Escoba ကို ပြန်ရိုက်တာပါ။
အက်စ်ကိုဘာ နဲ့ချစ်သူဖြစ်ခဲ့တဲ့ ၊ ဗာ ဂျီနီးယား ဟာ
တကယ်တော့ ဂျာနယ်လစ် တစ်ယောက်ပါ။
လိုတရ၊ လိုတာ အကုန်ဖြစ်နေသူပေါ့။
အက်စ်ကိုဘာကလဲ အမေရိကန်ကို ကုတ်ကင်း
ပို့တာ ဒေါ်လာ ဘီလျီ ၃၀ ဝင်ငွေရှိနေတဲ့ သူဌေးလေ။
ကိုယ်ပိုင်လေယာဉ်၊ကိုယ်ပိုင် ဟယ်လီကော်ပတာနဲ့ပါ။
ဒါပေမဲ့ အမေရိကန် အစိုးရ ဖိအားပေးလွန်းတော့ ကိုလံဘီယာ တပ်က
အက်စ်ကိုဘာ ကို အတင်း ဝင်ဖမ်းရတာပေါ့။
ဒါပေမဲ့ လွတ်သွားတယ်။တောတောင်ထဲ မှာ ပုန်းနေတာ။
အမေရိကန် DEA နဲ့ကိုလံ ဘီယာ တပ် ပူးပေါင်းစစ်ဆင်ရေးလုပ်
ပြီး အတင်း အသေသတ်တော့မှ အက်စ်ကိုဘာ က အစိုးရ ကို
အကြောင်းကြားတယ်။ အဖမ်းခံမယ် တဲ့။
သူထောင်ကျနေတာကလဲ တော်တော် ကောင်းပါတယ်။
ကိုယ့်ထောင် ကိုယ့်ဖာသာဆောက်ပြီး တပည့်တွေကိုပါ ထောင်ထဲ ခေါ်ထားတာ။
ပျော်ပွဲစားထွက်လာသလိုပဲ။တစ်ပတ်တစ်ခါ အပြင်ကကောင်မလေးတွေခေါ်ပြီး
ပါတီ ပေးသေးတာပါ။ထောင်ထဲ ကနေ အပြင်ကို ခိုင်းပြီး ကုတ်ကင်း ပို့ခိုင်းနေသေးတာ။
အစိုးရ လွှတ်ထားတဲ့ လူကို သတ်ပြီး ထောင်က နေ ပြေးပြန်ရော။
ဒီတော့ အမေရိကန် DEA နဲ့ FBI က ဗာ ဂျီနီးယား ကို အသုံးချပြီး
အက်စ်ကိုဘာ ရှိနေတဲ့နေရာကို ထောက်လှမ်း၊ တပ်နဲ့ ဝိုင်းပြီး အသေဖမ်းခဲ့ရတော့တယ်။
၁၉၉၃ မှာ သူ့ကိုအသေမိတာပါ။
ဒီဇာတ်ကားရဲ့ စိတ် ဝင်စားစရာ တစ်ခန်းကတော့ အက်စ်ကိုဘာ
ကို လွှတ်တော် ကနေ အခွန်ရှောင် ငွေ တွေနဲ့ ၊ ဥပဒေ ပြင်ပ က ပိုက်ဆံ တွေ
နဲ့ ရပ်တည်နေတယ်လို့ စွပ်စွဲခန်းပါပဲ။ သူ့စကားက လှတယ်။
( ကောင်းပြီ။ အခွန်ရှောင်တဲ့ပိုက်ဆံ ကို လာဘ်ငွေအဖြစ်
ခင်ဗျားတို့နိုင်ငံရေးသမားတွေပဲ ယူတာလေ။ဒီလိုလုပ်ပါလား။
ကျွန်တော်ဘယ်သူ့ကို ဘယ်နေ့က ဘယ်လောက်ပေးရတယ်
ဆိုတာ သက်သေ နဲ့ မနက်ဖြန် ပြန်လာမယ်။ ခင်ဗျားတို့လဲ ကျုပ်
အခွန် ဘယ်လောက်ရှောင်ထားတယ် ဆိုတာ သက်သေ နဲ့ပြန်လာခဲ့) တဲ့။
အဲဒီ ကစလို့ နိုင်ငံရေးသမား နဲ့ မူးယစ်ရာဇာ
အပြန်အလှန်သတ်ကြတာ သမိုင်းတွင်ပါတယ်။
၂လ အတွင်း လူတစ်ရာ ရှစ်ဆယ်ကျော်သေတယ်။
ဗာဂျီနီးယား ရဲ့ စကားတစ်ခွန်း က တာသွားလွန်းပြန်တယ်။
ဘာကြောင့် ငါ့အကြောင်းရေးမှာလဲ လို့ အက်စ်ကိုဘာကမေးတော့
(ရှင့်ကိုအားကျနေတဲ့ လူငယ်တွေ အများကြီးအတွက်တဲ့)
မဆန်းပါဘူး။ ဒါကြောင့်လဲ ကိုလံဘီယာ ဟာ ခုထက်ထိ
အက်စ်ကိုဘာ တွေ မွေးထုတ်တုန်း။ကုတ်ကင်းတွေ တင်ပို့တုန်းပါ။

ဒီရုပ်ရှင်ကားကို Wai Zin မှ ဘာသာပြန်ပေးထားပြီး
Thit San Khant မှ တင်ဆက်ပေးပါသည်။


တိုက်ရိုက်ကြည့်ရန်



Escape Plan 2: Hades (2018)


ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကို
ထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး “50 cent” လည်းပါဝင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း
==========

Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။

တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…..။

မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်မကောင်းခဲ့ရင်တောင် ကြည့်ရတဲ့ ဖိုက်တင်ချခန်းတွေနဲ့ အချိန်ပေးရတာထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။



(ဘာသာပြန်သူကတော့ d3mon ပါ)



File Size : (750 MB) and (350 MB)
Quality : Blu-Ray 720p
Running Time : 1hr 36min
Format : Mp4
Genre : Action, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264.DTS-HDC
Translated by d3mon
Encoded by Thanhtike Zaw


Rampage (2018)



အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။
မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ခ်ျဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ခ်ျနဲ့လည်း ရင်းနှီးခဲ့ပါတယ်။
တစ်ရက်မှာတော့ ဂျော့ခ်ျ နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ခ်ျ က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ခ်ျစိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။
အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ခ်ျ အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။
ဒေါက်တာကိတ်ကိုလည်း Energyne ကုမ္ပဏီက အလုပ် ထုတ်ပစ်ခဲ့သလို ကုမ္ပဏီနဲ့ စမ်း သပ်မှုတွေကို ထုတ်ပြောလို့ဆိုပြီး ထောင်ချပစ်ဖို့အထိပါ လုပ်ခဲ့ပါ တယ်။
ဂျော့ခ်ျကို အေးဂျင့်ဟာဗေး ရက်ဆဲလ်ဦးဆောင်တဲ့ အစိုးရ အဖွဲ့အစည်းက လေယာဉ်နဲ့ ဖမ်း ဆီးခေါ်ဆောင်သွားပေမယ့် လေယာဉ်ကို ဖျက်ဆီးပြီး ဂျော့ခ်ျလွတ် မြောက်သွားသလို ရက်ဖ်ဆိုတဲ့ သန္ဓေပြောင်း ဝံပုလွေကြီးက လည်း သူ့ကိုလိုက်ဖမ်းတဲ့အဖွဲ့ကို အပြတ်ရှင်းပစ်ခဲ့ပါတယ်။
အဲဒီနောက် ဂျော့ခ်ျနဲ့ ရက်ဖ် တို့ ပေါင်းမိပြီး ချီကာဂိုမြို့တော် ကို ဝင်ရောက်ဖျက်ဆီး တိုက်ခိုက် ခဲ့ပါတော့တယ်။ ပြဿနာက အဲဒီ မှာတင် မပြီးသေးပါဘူး။ ကုန်းပေါ်မှာ ဂျော့ခ်ျနဲ့ ရက်ဖ်တို့ တိုက် ခိုက်ဖျက်ဆီးနေသလို လစ်ဇီဆို တဲ့ သန္ဓေပြောင်း မိကျောင်းကြီး ရန်ကလည်း ထပ်ပေါ်လာပါတော့ တယ်။
ဒေးဗစ်နဲ့ ဒေါက်တာကိတ် ဟာ စိတ်ရိုင်းဝင်ပြီး တွေ့သမျှ အန္တရာယ်ပြုနေတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ပုံမှန်အခြေအနေ ပြန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ထားကာ ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြပါ တယ်။
သန္ဓေပြောင်း သတ္တ၀ါတွေ က ဘယ်လိုတွေ ဒုက္ခပေးမှာလဲ၊ ဒေးဗစ်တို့ ယုံကြည်ထားသလို ဂျော့ခ်ျကို မူလအနေအထားဖြစ် အောင် ပြန်လုပ်နိုင်ပါ့မလားဆို တာကို အမိုက်စား အထူးပြုလုပ် ချက်တွေ၊ အက်ရှင်ပြကွက်တွေနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်တွေ သဘောကျမှာပါ။
ပရိသတ်အချစ်တော် အက် ရှင်မင်းသားကြီး ဒ၀ိန်းဂျွန်ဆင်က အဓိက သရုပ်ဆောင်ထားတာဖြစ် ပြီး နာအိုမီဟားရစ္စ၊ မာလင်အ ကာမန်၊ ဂျက်ဖရီးဒင်းန်မော်ဂန်၊ ဂျိတ်ခ်လေစီ၊ ဂျိုးမန်ဂါနီလို စသူ တွေပါဝင်ထားပါတယ

001 Trolling (2017) မြန်မာစာတမ်းထိုး

အသက်အရွယ်လေးရခါစ လူငယ်နှစ်ယောက် ကွန်ပျူတာလေးသုံးတတ်တာနဲ့ ဟက်ဖို့ကိစ္စတွေလုပ်နေကြပါရော....ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ အင်တာနက်ကို မင်းမဲ့ဝါဒီလိုသုံးရင် ကမ္ဘာကြီးကို အကြီးအကျယ် ဖရိုဖရဲဖြစ်အောင် လုပ်ကြတော့တယ်.... အကြံတူရန်သူဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်လဲ ပျက်ဆီးရာပျက်စီးကြောင်းတွေလုပ်ကြပါတော့တယ် ထူးထူးဆန်းဆန်း IMDbမှာ 7.7ရရှိထားတဲ့ကားလေး တစ်ကားဖြစ်ပါတယ် ဟာသကားတစ်ခုဖြစ်တာကြောင့် ဒီနေ့လို အခါသမယမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်ရှူနိုင်ပါစေဗျာ....



credit-goldchannel

Raees(2017)မြန်မာစာတန်းထိုး

Raees ဟာ 2017 မှာ ထွက်ရှိလာတဲ့ အက်ရှင်၊ မူခင်း သည်းထိတ်ရင်ဖိုအမျိုးအစား ဘောလီးဝုဒ်ရုပ်ရှင်ပါ မင်းသား ရှာရွတ်ခန်း အဓိကပါဝင်ပါတယ် ဒီရုပ်ရှင်ဟာ 1980 ခုနှစ်တွေက အိန္ဒိယပြည်နယ်တစ်ခုဖြစ်တဲ့ Gujarat ပြည်နယ်မှာ ကြီးမားတဲ့ မှောင်ခိုဈေးကွက် တည်ထောင်ခဲ့သူရဲ့ ဥပဒေဘောင်မဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ ကြိုးစားခဲ့သူ ရဲအရာရှိ နဲ့ သူတို့တွေရဲ့ ထိပ်တိုက်ရင်ဆိုင်ရခြင်းတွေကို ဒရာမာ အဖြစ်ရိုက်ကူးထားတာပါ

မင်းသားကြီးရှရွတ်ခန်းက ဒီရုပ်ရှင်မှာ Raees ဆိုတဲ့ ဇာတ်ကောင်ကနေ ပါဝင်ထားပါတယ် Raees ဟာ ဂိုဏ်းစတားတစ်ယောက် ဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့သူတစ်ယောက် ဥပဒေနဲ့မကင်းတာတွေကို လုပ်တယ် သူ့လူတွေကိုတော့ ဂရုစိုက်မပျက်ဘူး အရက်ပုန်းရောင်း ပိုက်ဆံရှာပြီး ရတဲ့ငွေတွေကို သူပညာသင်ခဲ့တဲ့ကျောင်းကို စာရေးကိရိယာလှုတယ် အိမ်တွေဆောက်တယ် ဆေးရုံတွေဆောက်တယ် ကုလားကားတွေရဲ့ ထုံးစံအတိုင်း သီချင်းနဲ့ အကကတော့ မပါမဖြစ်ပေါ့ဗျာ
ရုပ်ရှင်ကိုတော့ Raees ၏ ငယ်ဘ၀နဲ့ စဖွင့်ပါတယ် ငယ်ရွယ်တဲ့ Raees လေးဟာ မကောင်းမှုတွေကို စတင်ပြုလုပ်နေတဲ့ လမ်းပေါ်က ခပ်သွက်သွက်ကောင်လေးတစ်ယောက်ပေါ့ နောက်ပြီး သူဟာ နွမ်းပါးတဲ့မိသားစုက မွေးဖွားလာသူတစ်ယောက် ဘယ်အလုပ်မဆို မသေးငယ်ဘူးဆိုတဲ့ မိခင်ဖြစ်သူ၏စကားနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ Raees ဟာ မယုံသင့်တဲ့သူတွေကို ယုံကြည်ခဲ့တယ် ငွေကြေးရှာဖွေဖို့ ရုန်းကန်ခဲ့ရတယ် စော်ကားမှုတွေအတွက် မကြာခဏ ရန်ပွဲတွေရင်ဆိုင်ခဲ့ရတယ် ဒါတွေကပဲ အမှောင်လောကထဲ ခြေစုံပစ်ဝင်ရောက်သွားဖို့ တွန်းအားတွေ ဖြစ်လာခဲ့တယ်
Raees ဟာ အရွယ်ရောက်လာတာနဲ့အတူ ဒုစရိုက်လောကရဲ့ ဖျံတစ်ကောင်ဖြစ်လာခဲ့တယ်   Mahira ဟာ Raees ချစ်ရတဲ့ အမျိုးသမီးဖြစ်လာမယ့် ရဲအရာရှိတစ်ယောက်အနေနဲ့ပါဝင်ထားပြီး ရှရွတ်ခန်း နဲ့ အပြိုင်သရုပ်ဆောင်ရမယ့် Nawaz နဲ့စတင် ဆုံမိပါတော့တယ်
မင်းသားကြီး Nawazuddin Siddiqui က ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့စောင့်ကြည့်နေတဲ့ ရဲအရာရှိနေရာကနေ ပါဝင်ခဲ့ပြီး ရှရွတ်ခန်း နဲ့အပြိုင် သရုပ်ဆောင်ရပါတယ်
အိန္ဒိယဟာ နိုင်ငံရေး အရူပ်အထွေးတွေနဲ့ ဌာနဆိုင်ရာခြစားမှုလည်း အင်မတန်းများပြားတဲ့နိုင်ငံပါ Raees ဟာ ပြည်နယ်ကြီးတစ်ခုရဲ့မြေအောက်လောကကို ပိုင်ဆိုင်ထားတဲ့ အထင်ကရဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ရဲ့စီးပွားရေး၊ သူ့လောကအတွက် အစိုးရဌာနတွေကို ငွေနဲ့ပေါက်ပြီး ချဉ်းကပ်တယ် လိုအပ်လာရင် ဘယ်လိုရာဇ၀တ်မှုတွေကိုမဆို ကျူးလွန်ဖို့ဝင်မလေးတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပေါ့

Raees တို့ရဲ့မှောင်ခိုလုပ်ငန်းဟာ အာဏာပိုင်အဖွဲ့အစည်းတွေကို လာဘ်ထိုးမှုတွေ အပါအ၀င် အကျင့်ပျက်ချစားမှုတွေ အပြည့်လို့ ဆိုခဲ့တဲ့အတိုင်း သူ့ရဲ့အာဏာစက်အတွင်းမှာ လူသတ်ဖို့ပါ ၀န်မလေးတဲ့ အမှောင်လောကရဲ့ ဆရာတစ်ပါး Raees နဲ့ အမှန်တရားဘက်တော်သား ရဲအရာရှိလေး Majmudar တို့ ထိပ်တိုက်ရင်ဆိုင်ရမှုတွေ ဖြစ်လာတော့တယ် Raees ရဲ့သိမ်းသွင်းမှုကို ဂရုမစိုက် အမှန်တရားအတွက်ပဲ အလုပ်လုပ်တဲ့ တရားဥပဒေသား Majmudar.. သူကြိုးစားဖို့ ဦးတည်ခဲ့တာက Gujarat ၏ ဥပဒေမဲ့ မှောင်ခိုလုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းဖို့ Raees ကလည်း စောင့်ကြည့်ဖမ်းဆီးခံရမှုတွေကမှ ကွက်ကျော်ရိုက်ကာ သူ့ရဲ့မှောင်ခိုလုပ်ငန်းကို ဆက်လက်ကြီးထွားနိုင်ဖို့ အားထုတ်ခဲ့တာပါ
ကဲ ဒီလောက်ဆို ကြည့်ရမယ့် ပရိတ်သတ်ကြီး ရင်ခုန်နေလောက်ရောပေါ့…ရှာရွတ်ခန်းကားဆိုတာနဲ့ပဲ လက်မလွှတ်သင့်တော့ဘူးနော်….
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Review by MoringStar Naing Lin
Translate by Lwin Naung & HtaG
Encoded by Hein Min Htet
Quality-Webrip 1080p
Size -0.9G/500mb



credit-channelmyanmar


Bitcoin Heist (2016)မြန်မာစာတန်းထိုး

IMbD Rating 6.0 ရထားတဲ့ဗီယက်နမ် Action/comedy ဇာတ်ကားကောင်းလေးတစ်ခုပါ

 ဇာတ်လမ်းအကျဉ်းလေးကတော့  ဘစ်ကွိုင်း ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးက ခေတ်စားနေတဲ့ ၂၀၂၀ ခုနှစ်အချိန်လေးပါ၊ ဒါပေမယ့် ဘစ်ကွိုင်းကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ထားကြပါတယ်။

ဘာလို့လဲဆိုတာ့ ဒီငွေကြေးကအလွယ်တကူ  အင်တာနက်ပေါ်မှာ ဘဏ်တွေနဲ့ချိတ်ဆက်စရာမလိုဘဲ လွဲနိုင်လို့ပါ၊။

ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ခေါင်းစားစေသလို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို အပူတပြင်းလိုက်ရှာဖမ်းနေကြပါတယ်၊

ဘာလို့လဲဆိုတော့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာ ကွန်ပျူတာတွေကို အွန်လိုင်းကနေ အုတ်ဂူလို့နာမည်ပေးထားတဲ့ဗိုင်းရပ်တစ်မျိုးဖြန့်ပြီး ဘစ်ကွိုင်းငွေကြေးတွေ အကြပ်ကိုင် တောင်းခံနေလို့ပါ

 ဒီလိုခြေရာဖျောက်ကောင်းတဲ့ ၀ိညာဉ်ဆိုတဲ့ ဟက်ကာကို  ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ဘယ်လိုများနည်းလမ်းတွေနဲ့ ဖမ်းဖို့ကြံစည်ခဲ့သလဲ ဖမ်းမိမှာလဲ လွတ်သွားမှာလဲ ၀ိညာဉ်ကဘယ်သူလဲဆိုတာကို

မထင်မှတ်တဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို စောင့်ကြည့်ုလိုက်ကြပါ


(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)



File Size : (800 MB) and (400 MB)
Quality : 720pBluray
Running Time : 1hr 50minutes
Format : Mp4
Genre : Action
Subtitle : Myanmar Subtitle (Hard Sub)
Translated by Little Twinlay
Encode by Thanhtike Zaw



credit-channelmyanmar

16 Blocks (2006) မြန်မာစာတန်းထိုး

ဒီတစ်ခါ ထုံးစံအတိုင်းအဟောင်းထဲက ဇာတ်ကားကောင်းလေးတစ်ကားကိုပြန်ခံစားကြည့်ကြတာပေါ့

မင်းသားကြီး Bruce Willis ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့ 16 Blocks ပါတဲ့ဗျာ
IMDb 6.6 ဆိုတော့ အကြမ်းအားဖြင့်ကောင်းတဲ့စာရင်းထဲ ထည့်လို့ရပါတယ်

ဇာတ်လမ်း အကျဉ်းကိုပြောရရင်တော့ အလုပ်ချိန်အပြည့်ဆက်တိုက်ဝင်ထားရလို့ ပင်ပန်းနေပြီဖြစ်တဲ့
စုံထောက် ဂျက်မိုစလေ တရားရုံးမှာ သက်သေသွားထွက်ဆိုပေးရမယ့်စကားအလွန်အင်မတန်မှ များလှသောအချုပ်သား အယ်ဒီသူထွက်ဆိုပေးရမယ့် အမှုကဘာလဲ ဘယ်လိုစွဲချက်တွေကို

သက်သေထွက်ဆိုပေးရမှာလဲ

အချုပ်ခန်းနဲ့ တရားရုံးတို့ရဲ့ ၁၆ ဘလောက်သောအကွာအဝေးအတွင်းမှာ ဘာတွေဖြစ်မလဲ
သူကရော ရုံးကိုအသက်ပါပြီး ရောက်နိုင်ပါ့မလား အရက်စွဲနေ ပင်ပန်းနေပြီးခြေထောက်တစ်ဖက် ဒါဏ်ရာကြီးနဲ့ စုံထောက်မိုစလေကရောအဲ့ဒီ့နေဟာ သူနားရမယ့် နေ့တစ်နေဖြစ်ခဲ့ပါ့မလား

ဇာတ်လမ်းစပြီး သိပ်မကြာခင်အချိန်မှာပဲ ရင်တစ်ဖိုဖိုနဲ့ နောက်ဆုံးပိုင်းအထိ ဆွဲခေါ်သွားနိုင်မယ့်
ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်


credit-channelmyanmar

A Dungeon Siege Tale (2007) မြန်မာစာတမ်းထိုး

ဘဝကိုသီးနှံ​တွေစိုက်​ပျိုးရင်းနဲ့ရိုးရှင်းစွာဖြတ်​သန်း​နေတဲ့လူတစ်​​ယောက်​ရှိပါတယ်​ သူ့ကိုလူ​တွေကလယ်​သမားလို့ပဲ​ခေါ်ကြပါတယ်​သူ့မှာအရမ်းချစ်​ရတဲ့မိန်းမနဲ့သားတစ်​​ယောက်​ရှိပါတယ်​ တစ်​​နေ့ သူ့မိန်

းမကသီးနှံ​တွေကို​ရောင်းဖို့သူမမိဘ​တွေ​နေထိုင်​ရာမြို့ကိုသွားတဲ့အခါမှာမ​ကောင်းတဲ့​မှော်​ဆရာရဲ့ ​မှော်​အတတ်​ပညာ​တွေနဲ့ဖန်​တီးထားတဲ့စစ်​သား​တွေရဲ့​နှောက်​ယှက်​ခြင်းကိုဘယ်​လိုခံခဲ့ရလဲ လယ်

သမားတို့မိသားစု​ရောပြန်​ဆုံ​တွေ့ရပါ့မလား ပြီး​တော့ အဲ့ဒီတိုင်းပြည်​ကဘုရင်​ကြီးရဲ့​မှော်​ဆရာက လယ်​သမားကိုဘာလို့အ​ရေး​ပေးရတာလဲ လယ်​သမားရဲ့ တိုက်​ခိုက်​မှုစွမ်းရည်​မြင့်​မှု​တွေစွန့်​စားခန်း​တွေအပြင်​ 

နောက်​ဆုံးမှာမ​ကောင်းတဲ့​မှော်​ဆရာကဘယ်​လိုဇာတ်​သိမ်းသွားလဲဆိုတာကိုဒီဇာတ်​လမ်း​လေးရဲ့အဆုံးမှာဆက်​လက်​ကြည့်​ရှု​ပေးကြပါလို့


credit-goldchannel

Kaho Naa… Pyaar Hai (2000)

ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမ္ဘာတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ့

သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂၀၀၀ခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female

Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ကြီးကြီးတက်ချမ်းသာပြီး လိုလေသည့်မရှိ သူဌေးသမီး

တစ်ဦး ဖြစ်သူ ဆိုနီယား နှင့် မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

အဆင့်တန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး

ရိုဟစ် အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ခါနီးမှ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လာရသောအခါ့

#တေးသီချင်း အလန်းစားတွေနဲ့ ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခိုင်နဲ့ ပီတီဖြာစရာ အခန်းလေးတွေဆို ကိုယ်တိုင် ပြုံးမိသလို တချို့တချို့ လွမ်းခံလေးတွေကလည်း မျက်ရည်ဝဲစေလောက်ပါတယ်။

(မိုးအေးအေးလေးမှာ ကော်ဖီခါးခါ တစ်ခွက်နဲ့ ခံစားကြည့်လိုက်ကြပါဦး ခင်ဗျ)



credit-channelmyanmar


Baywatch 2017 (မြန်မာစာတန်းထိုး)

(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)


၂၀၁၇ ရုံတင်ကားသစ် အကြည်ထွက်လို့ တင်ပေးထားပါတယ်။ ဟာသ အက်ရှင်အမျိုးအစားပါပဲ။ ကမ်းခြေမှအသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ခ်ျဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။

သူ့ရဲ့တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက်ပါလာပါတော့တယ်။


ဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက်သူ့စကားကို နားမထောင်ချင်တာပါ။

တို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့
မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ မစ်ခ်ျက အဲဒီအမှုတွေအကုန်ဖော်ထုတ်ဖို့တာဝန်ရှိတယ်လို့ ထင်ပေမယ့် ဘရိုဒီကတော့ မဆိုင်တာတွေ မလုပ်ချင်ဘူးဆိုပြီး ငြင်းခုံနေကြတာပါ။

မစ်ခ်ျတစ်ယောက် ဒီပြဿနာတွေကိုဖြေရှင်းနိုင်မလား၊ သူတို့အဖွဲ့ ဘယ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။



credit-channelmyanmar

Transformers: Dark of the Moon (2011)

ဇာတ်လမ်းအကျဉ်းကတော့……..
စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က
အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။
၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး
The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။
အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။
အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။
ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။
အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။
အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်……..။

1100Mb


credit-channelmyanmar

Transformers: Age of Extinction (2014)

ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။
Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊
Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။
အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက
သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။
အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊
US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊
Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။
ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊
အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ…….။
SMALL SIZE 750MB

LARGE SIZE  1200MB

credit-channelmyanmar

Fist Fight 2017 မြန်မာစာတန်းထိုး

၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့

နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။အန်ဒီ

အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက်

ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ

ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ

ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက

ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့

အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။

ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။

ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား

လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ဒီဇာတ်ကားမှာ

အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင်

ထားကြပါတယ်။(ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae

Sone Kyaw ပဲဖြစ်ပါတယ်)



credit-channelmyanmar

Exam (2009) မြန်မာစာတန်းထိုး

2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့
ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ်
အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲ
အခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ
2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ်
တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ်
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်......
တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန်
လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာ
ကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ
အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ်
အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ်
သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ်
စည်းကမ်းဖောက်ရင် အထုတ်ခံရမယ်
ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ်
သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ
အားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့
စာရွက်က အလွတ်ကြီး!
အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ?
သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ?
ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ?
သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ဒီအလုပ်က ဘယ်လောက်အထိတောင် အရေးကြီးနေလို့လဲ?
အဲ့ကုမ္ပဏီကလဲ အမှန်တကယ်က ဘာကုမ္ပဏီလဲ?
ရှစ်ယောက်ထဲကဘယ်သူက လျှို့ဝှက်ချက်တွေကိုဖော်နိုင်ပြီး အလုပ်ရသွားမလဲ?
ပြသချိန် ၁နာရီနဲ့ မိနစ်၄၀ခန့်ကို ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဇာတ်လမ်းထဲမှာမျောသွားပြီး မထတမ်းကြည့်ရလိမ့်မယ်ဆိုတာကို ကျွန်တော်အာမခံရဲတယ်



credit-channelmyanmar

Revolt (2017) မြန်မာစာတမ်းထိုး

ဂြိုလ်သားတွေ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်ပြီး လာလာတိုက်ကြတာ တော်တော်များနေပါပြီ။ ပုံစံတွေလည်း စုံလှပြီ။ ၂၀၁၇ ခုနှစ် ဂျူလိုင်
၁၆ ရက်မှာ ထွက်ရှိလာတဲ့ ကမ္ဘာမြေ VS ဂြိုလ်သား ရုပ်ရှင် Revolt (2017) ဟာ သိပ္ပံအက်ရှင်ကားကောင်းကောင်း မျှော်နေတဲ့သူတွေရဲ့ ဆန္ဒကို
ပြည့်ဝစေပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်လာတဲ့ ဂြိုလ်သားစစ်တပ်ကို ပြန်ခုခံတိုက်ခိုက်ရတဲ့အကြောင်းပါပဲ။
ကမ္ဘာမြေအနှံ့အပြားကို ဂြိုလ်သားတွေ တပ်နဲ့ချီပြီး တစ်ချိန်တည်း လာတိုက်ကြတာ ဖြစ်လို့ နိုင်ငံငယ်ကလေးတွေ ပျောက်ကုန်ပြီး
လူသားတွေလည်း အစုလိုက် အပြုံလိုက် အသတ်ဖြတ်ခံနေရပါတယ်။ တစ်ကမ္ဘာလုံးဖြစ်ပွားတာမို့လို့ နိုင်ငံကြီးတွေလောက်သာ ကျန်ပေမယ့်
အန္တရာယ်များလှတဲ့အတွက် လူသားတွေလည်း အကွဲကွဲ အပြားပြား ထွက်ပြေးနေကြရတယ်။ ဒီအချိန် စစ်ဘေးဒဏ်ခံနေရတဲ့ အာဖရိကတောရွာကလေးတစ်ခုမှာ အမေရိကန်စစ်သားတစ်ယောက်နဲ့ ပြင်သစ်တပ်က ဆေးအကူတပ်သူတစ်ယောက်တို့ ဆုံမိကြပြီး နှစ်ယောက်ပေါင်းကာ အသက်ရှင်ဖို့ ရုန်းကန်ကြရပါတယ်။ ဒီအခါ ဒုက္ခသည်နှစ်ယောက်ရဲ့ ချည်နှောင်မှုဟာ ကမ္ဘာပျက်ကပ်ကြားမှာ အစမ်းသပ်ခံရတော့မယ့် အနေအထား ဖြစ်လာပါတော့တယ်။ ခေါင်းဆောင်ပါဝင်ထားတာကတော့ Guardians of the Galaxy မှာ ရိုနန်အဖြစ် တစ်မျိုး၊ LOTR, The Hobbit မှာ နတ်ဘုရင်ကြီး သရန်ဒွေးလ်အဖြစ်တစ်ဖုံ၊ The Twilight Saga : Breaking Dwan part 2 မှာ ဖုတ်ကောင် ဂါးရတ်အဖြစ် တစ်နည်း သရုပ်ဆောင်ကောင်းခဲ့တဲ့ လီပေ့စ်ပါပဲ။


credit-goldchannel

The Wall (2017) မြန်မာစာတန်းထိုး

အီရတ်စစ်မြေပြင်မှာ တိုက်တဲ့ စစ်ပွဲတွေကို Jarhead, American Sniper, The Hurt Locker တို့လို ရုပ်ရှင်တွေနဲ့ အော်စကာဆုရသည်အထိ ရိုက်ပြဖူးခဲ့ပါတယ်။ အခုတစ်ခါ အီရတ်စစ်မြေပြင်က အသက်လုပွဲကို The Wall (2017) ဆိုတဲ့ အမည်နဲ့ The Edge of Tomorrow, Bourne Identity တို့ရဲ့ ဒါရိုက်တာ Doug Liman က ရွှေကမ္ဘာလုံးဆုရ မင်းသား Aaaron Tyler Jhonson, Smark Down နပန်းသမားကြီး Jhon Cena တို့နဲ့ သည်းထိတ်ရင်ဖို ရိုက်ပြလိုက်ပြန်ပါပြီ။ စစ်ကားဆိုတာနဲ့ ၀ုန်းဒိုင်းကြဲ ပစ်ခတ်နေမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီကားမှာ လူသုံးယောက်သာ ပါပါတယ်။ သူတို့က အမေရိကန် စစ်သားနှစ်ယောက်နဲ့ အီရတ်စစ်သားတစ်ယောက်ပါ။
ဆာဂျင် ရှိန်း မက်သယူးက စနိုက်ပါ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို အီရတ်သဲကန္တာရထဲက အဆောက်အအုံတစ်ခုကို စစ်ဆေးဖို့ လွှတ်လိုက်တာပါ။ သူ့လက်ထောက်က ဆာဂျင် အယ်လန် အိုင်ဆက်ပါ။ သူတို့ကို တာဝန်ပေးထားတဲ့ အဆောက်အအုံ ဧရိယာကို ၂၂ နာရီကြာအောင် စောင့်ကြည့်အကဲခတ်ပြီးနောက်မှာတော့ စိတ်ချရပြီလို့ ယူဆပြီး ရှိန်းက အထဲမှာ သေနေတဲ့ အစောင့်တပ်သားတွေဆီက ရေဒီယိုတွေကို ယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ လျှို့ဝှက်ပြီး စောင့်နေတဲ့ အီရတ်စနိုက်ပါသမား ဂျူးဘားက ရှိန်းကို ပစ်ထည့်လိုက်လို့ ရှိန်း လဲကျသွားတယ်။ ရှိန်းကို ကယ်ဖို့ သွားတဲ့ အယ်လန်ပါ ခြေထောက်ထိသွားလို့ သဲအိတ်တွေနဲ့ ကာထားတဲ့ နံရံကလေးတစ်ခုနောက် ၀င်ပုန်းလိုက်ရတယ်။ ရေဘူးနဲ့ ရှိတဲ့ ရေဒီယိုပါ ပျက်စီးသွားလို့ ဒုက္ခရောက်တာထက် သူ့ကို နည်းနည်းလေးတောင် လှုပ်မရအောင် မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ဂျူဘားက ပိုအန္တရာယ်ကြီးပါတယ်။ ရှိန်းကလည်း မြေပြင်မှာ ဆန့်ဆန့်ကြီး လဲနေပေမယ့် မသေသေးပါဘူး။ ရာနှုန်းပြည့် စိတ်မချရတဲ့ နံရံကလေးတစ်ဖက်က အယ်လန်ရယ်၊ အဆောက်အအုံရဲ့ နံရံတစ်ဖက်က ဂျူဘားရယ်၊ သူတို့နှစ်ယောက်ကြားက ရှိန်းရယ် ကြုံနေရကြရတာက စစ်ပွဲတစ်ခုနဲ့ မတူတော့ဘဲ ဥာဏ်ကစားပွဲတစ်ခုနဲ့ ပိုတူနေပါတော့တယ်။


credit-goldchannel

The Thieves (2012) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကို ဟိုးအရင်က 480p Quality နဲ့တင်ပေးဖူးပါတယ်။
ဒေါင်းမရဘူးပြောတာတစ်ကြောင်း ကျွန်တော်ကလဲ မင်းသမီးပရိတ်သတ်ဖြစ်တာတစ်ကြောင်း ဇာတ်ကားကလဲ စွဲမက်ဖွယ်အပြည့်ရှိတာတစ်ကြောင်းတို့ကြောင့် အခု 720p BluRay Quality နဲ့ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါတယ်။
ကိုရီးယား Box Office မှာ နံပါတ် ၁ နေရာရရှိခဲ့တဲ့ ဇာတ်ကားပါ…
My sassy girl မင်းသမီး Jun Ji Hyun ပါဝင်ထားပြီး ကိုရီးယား၊တရုတ်၊ဂျပန် အဖွဲ့တွေနဲ့
စုပေါင်းရိုက်ကူးထားတဲ့ IMDb Rating (6.8) ရရှိထားတဲ့ဇာတ်ကားပါ…
လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားပြီး တစ်ခုနဲ့တစ်ခုကိုပြန်ဆက်စပ်ပြသွားတာ
သေသပ်ပါတယ်…။

credit-channelmyanmar

Poseidon (2006)မြန်မာစာတန်းထိုး


ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။

MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။

ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ်

ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။

သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး

ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။

အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။

သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။

သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊

ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့်

ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။

ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး

အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ ……….

 small size

large size


credit-channelmyanmar

Baahubali 2: The Conclusion (2017) မြန်မာစာတန်းထိုး

Baahubali 2: The Conclusion (2017)အကြည်လေးထွက်လာလို.တင်ပေးလိုက်ပါတယ်ဗျ။Quality ကတော့ Bluray ကွာလတီပါ
US$39 million အကုန်အကျခံပြီးတင်ဆက်ထားတဲ.
Baahubali 2 ဟာ IMDb မှာ Rating 9.1 အထိရရှိထားပါတယ်ဗျ
ဇာတ်လမ်းအကျဉ်းကတော့ ၂၀၁၅ ခုနှစ်က Baahubali ရဲ.အဆက်ဖြစ်ပြီး
Katappa က Baahubali ကို ဘာလို့ လုပ်ကြံရသလဲ
ဆိုတဲ့မေးခွန်းနဲ.ပရိတ်သက်ကို ဆွဲဆန်.ထားခဲ့တာဖြစ်ပါတယ်။
ဒီကားမှာတော့ Baahubali ရဲ့ သားဖြစ်သူ က သူ့ရဲ့အမွေအနှစ်
အစစ်အမှန်ကို သိရှိပြီးနောက်တော့ သူ.ရဲ. နေရာမှန်ကို
ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားသွားပုံ ကို effect ကောင်းကောင်းတွေ
သုံးပြီးရိုက်ကူးထားတာဖြစ်လို.  ပရိတ်သတ်တွေ
အကြိုက်တွေ.စေမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဗျ



credit-channelmyanmar

The Amazing Spider-Man 2 (2014) မြန်မာစာတန်းထိုး

ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။
Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ဇာတ်ကားထက်တောင် မှ အများကြီးသာလွန်နေပြီး၊ Captain America ထက် ပိုကြိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော်ပြောခဲ့သလို၊ ဇာတ်လမ်းက ဇာတ်ရှိန် အတက်အကျ မမှန်ပါဘူး။ အထူးသဖြင့် Peter နဲ့ Gwen တို့နဲ့ အချစ်ဇာတ်လမ်းက ကလေး ကစားသလိုဖြစ်နေပါတယ်။ ပရိတ်သတ်တစ်ချို့က ဒီအချစ်ဇာတ်လမ်းမလိုဘူး လို့ထင်ပေမယ့် တကယ်တော့ Spider-Man ဇာတ်လမ်းမှာ အချစ်ဇာတ်လမ်း လိုကို လိုပါတယ်။
သူက လူတွေကို ကယ်တင်နေရင်းနဲ့ တဖက်ကလည်း ချစ်သူနဲ့ တွဲသင့် မတွဲသင့် အမြဲ တမ်းကြုံတွေ့ရသလို၊ ရန်သူတွေက သူ့ချစ်သူကို အန္တရာယ်ပေးမှာ လည်း တွေးပူရပါတယ်။ ဒီကားက အဲ့ဒီအချက်ကို ထည့်ပေးထားပေမယ့် တစ်ချို့အခန်းတွေက သာမန် Drama ကားတွေလောက် တောင် မကောင်းဘူးဖြစ်နေပါတယ်။
ဒါပေမယ့် ကျွန်တော်က ကျန်တဲ့ အချက်အားလုံးနီးပါးကို သဘောကျပါတယ်။ ဒီကားမှာ Electro ကို အဓိက ရန်သူအဖြစ် မိတ်ဆက်သွားပြီး၊ သူ့ရဲ့ Transformation ကလည်း အရမ်းကောင်းပါတယ်။ ကာတွန်းထဲက နဲ့ မတူပေမယ့် ကာတွန်းထဲက Origin ထက်ပိုပြီး ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် Oscorp နဲ့ ဗီလိန်အား လုံး ချိတ်ဆက်ပေးထားပြီး Sinister Six ကို သွားနေတဲ့ ပုံစံလည်း ဖြစ်ပါတယ်။



credit-channelmyanmar

The Amazing Spider-Man (2012) မြန်မာစာတန်းထိုး

ဒီThe Amazing Spidermanပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာ
Spidermanစတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။
အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။
ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။
၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘ၀မှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီး
သူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။
မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲ
ကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။
အဖေ့သွေးပါသူဖြစ်တော့ဥာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။
အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။
တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီး
သုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။
အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တင်သိပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်
OScorpဆိုတဲ့မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာအလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။
အဲဒါနဲ့ပဲဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီး
Spidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။
လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။
အဲတော့နောက်ပိုင်းSpidermanပေါက်စဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။


credit-channelmyanmar

The Villainess (2017) မြန်မာစာတန်းထိုး

အမျိုးသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျိုးမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျိုးတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။
ဇာတ်လမ်းအကြောင်းအရာကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို
ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ကတိဖြစ်ပါတယ်။ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။
အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှု့ စားရမှာဖြစ်ပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာတော့ ယခု ဇာတ်ကားဟာ ချီးမွှမ်းသံတွေ အပြည့်ရရှိထားတာကိုတွေ့ရပါတယ်။ယခုဇာတ်ကားအတွက် ယုံကြည်စရာတစ်ခုက တာဝန်ယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Jung Byung-Gil ဆိုတာကလည်း Confession Of Murder တို့လို အက်ရှင်ကားကောင်းတွေကို ပီပြင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့ဘူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေတာရယ်ကြောင့် ထိုက်တန်တဲ့ဖျော်ဖြေမှု တွေ ရလောက်မယ်လို့ ယုံကြည်မိပါတယ်။
အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kim Ok-Vin ဆိုတာလည်း ကိုရီယားရုပ်ရှင်လောကမှာ နာမည်ရပြီးသား အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သလို Thirst တို့လို The Front Line တို့လို (အဲဒီကားတွေထဲမှာလည်း ယခု ရုပ်ရှင်ထဲက ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shin Ha-Kyun နဲ့အတူ တွဲဖက်ညီညီ သရုပ်ဆောင်ဘူးခဲ့)ကားတွေမှာ သူမရဲ့ သရုပ်ဆောင်မှု ပါရမီကို ပရိသတ်တွေထံ မှတ်ကျောက်တင်ခဲ့ပြီးသားဖြစ်တာကြောင့် ဒီရုပ်ရှင်အတွက် သံသယဖြစ်ဖို့လိုမယ်မထင်ပါဘူး (ဒီကားမရိုက်ကူးခင်မှာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် တိုက်ကွမ်ဒိုလို တိုက်ခိုက်ရေးပညာရပ်တွေကို လေ့ကျင့်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်)။ဟာသ ဒရမ်မာ အက်ရှင် စွယ်စုံကောင်းမွန်စွာ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့Shin Ha-Kyunလို သရုပ်ဆောင်ကောင်းတွေပါနေတဲ့ အတွက်ကြောင့်လည်း အရင်က အာရှရုပ်ရှင်သမိုင်းမှာ နာမည်တွင်ခဲ့တဲ့ ဂျက်မတို့လို သမိုင်းကြောင်းမျိုး ကျန်ခဲ့မလားဆိုတာတော့ ပိတ်ကားထက်ပေါ်မှာ ကြည့်ရှု့ ခံစားရုံမှာတစ်ပါး အခြားမရှိကြောင်းပါ။



credit-channelmyanmar