Showing posts with label thriller. Show all posts
Showing posts with label thriller. Show all posts

71(2014)

’71(2014)
’71(2014)
IMDb….7.2,,,Rotten….95
(((ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….)))
ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေမဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှပျော်နေတဲ့သူတွေမဟုတ်ကြဘူး…
သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်……
တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်…
သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာ
ကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘ၀ကိုစရိုက်ပြတာ ..ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ  မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင်
ထိုးကြသေးတယ်..သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း
ပုံစံပေးချက်က မညှာတာ….သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်..အခြားစစ်ကားကောင်းများစွာရှိပါသေးသည်…
မည်သို့ပင်ဆိုစေ ကျွန်တော်တို့ဆီက စစ်ကားရိုက်ပြီဟေ့ဆိုရင်လည်း တခြားမြန်မာကားများထက် စိတ်ဝင်တစ်စားစောင့်ကြည့်ရတာအမော….အားမလိုအားမရဖြစ်ခဲ့ကြတာကလည်းတစ်ပိုင်းပေါ့လေ..
ခုလည်း စစ်ကိုမုန်း၍ တိုက်ခဲ့သည်နောက်ပိုင်း ရေတပ်နှင့်ဆိုင်သည့် စစ်ကားတစ်ကားရိုက်နေသည်ဟုကြားသိရသည်…ထားတော့….
’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်းအဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေး
ယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်..
လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်..
ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ…ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့
Zwel Zan Aung ပဲဖြစ်ပါတယ်…
File Size : (931 MB) and (312 MB)
Quality : Blu-Ray 720p
Format…mp4
Duration…01:39:00
Genre :  Action, Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zwel Zan Aung
Encoded by Phyo Pyae



A Dungeon Siege Tale (2007) မြန်မာစာတမ်းထိုး

ဘဝကိုသီးနှံ​တွေစိုက်​ပျိုးရင်းနဲ့ရိုးရှင်းစွာဖြတ်​သန်း​နေတဲ့လူတစ်​​ယောက်​ရှိပါတယ်​ သူ့ကိုလူ​တွေကလယ်​သမားလို့ပဲ​ခေါ်ကြပါတယ်​သူ့မှာအရမ်းချစ်​ရတဲ့မိန်းမနဲ့သားတစ်​​ယောက်​ရှိပါတယ်​ တစ်​​နေ့ သူ့မိန်

းမကသီးနှံ​တွေကို​ရောင်းဖို့သူမမိဘ​တွေ​နေထိုင်​ရာမြို့ကိုသွားတဲ့အခါမှာမ​ကောင်းတဲ့​မှော်​ဆရာရဲ့ ​မှော်​အတတ်​ပညာ​တွေနဲ့ဖန်​တီးထားတဲ့စစ်​သား​တွေရဲ့​နှောက်​ယှက်​ခြင်းကိုဘယ်​လိုခံခဲ့ရလဲ လယ်

သမားတို့မိသားစု​ရောပြန်​ဆုံ​တွေ့ရပါ့မလား ပြီး​တော့ အဲ့ဒီတိုင်းပြည်​ကဘုရင်​ကြီးရဲ့​မှော်​ဆရာက လယ်​သမားကိုဘာလို့အ​ရေး​ပေးရတာလဲ လယ်​သမားရဲ့ တိုက်​ခိုက်​မှုစွမ်းရည်​မြင့်​မှု​တွေစွန့်​စားခန်း​တွေအပြင်​ 

နောက်​ဆုံးမှာမ​ကောင်းတဲ့​မှော်​ဆရာကဘယ်​လိုဇာတ်​သိမ်းသွားလဲဆိုတာကိုဒီဇာတ်​လမ်း​လေးရဲ့အဆုံးမှာဆက်​လက်​ကြည့်​ရှု​ပေးကြပါလို့


credit-goldchannel

Exam (2009) မြန်မာစာတန်းထိုး

2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့
ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ်
အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲ
အခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ
2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ်
တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ်
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်......
တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန်
လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာ
ကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ
အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ်
အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ်
သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ်
စည်းကမ်းဖောက်ရင် အထုတ်ခံရမယ်
ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ်
သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ
အားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့
စာရွက်က အလွတ်ကြီး!
အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ?
သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ?
ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ?
သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ဒီအလုပ်က ဘယ်လောက်အထိတောင် အရေးကြီးနေလို့လဲ?
အဲ့ကုမ္ပဏီကလဲ အမှန်တကယ်က ဘာကုမ္ပဏီလဲ?
ရှစ်ယောက်ထဲကဘယ်သူက လျှို့ဝှက်ချက်တွေကိုဖော်နိုင်ပြီး အလုပ်ရသွားမလဲ?
ပြသချိန် ၁နာရီနဲ့ မိနစ်၄၀ခန့်ကို ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဇာတ်လမ်းထဲမှာမျောသွားပြီး မထတမ်းကြည့်ရလိမ့်မယ်ဆိုတာကို ကျွန်တော်အာမခံရဲတယ်



credit-channelmyanmar

Poseidon (2006)မြန်မာစာတန်းထိုး


ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။

MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။

ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ်

ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။

သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး

ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။

အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။

သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။

သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊

ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့်

ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။

ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး

အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ ……….

 small size

large size


credit-channelmyanmar

The Assignment (2016) မြန်မာစာတန်းထိုး

ဒေါက်တာဂျိန်း ဟာအရမ်းတော်တဲ့ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်
ဒါပင်မဲ့တရားမဝင်စမ်းသပ်မှုတွေလုပ်ခဲ့တဲ့အတွက်သူမဟာသူမရဲ့ဆရာဝန်လိုင်စင်
ကိုအသိမ်းခံခဲ့ရပါတယ် အဲ့နောက်မှာတော့သူမဟာတရားမဝင်ဆေးခန်းတစ်ခု
ဖွင့်ထားခဲ့ပီးအဲ့ကရတဲ့ဝင်ငွေတွေနဲ့သူမရဲ့စမ်းသပ်မှုတွေကိုဆက်လက်လုပ်ဆောင်
ခဲ့ပါတယ် တစ်နေ့မှာသူမရဲ့မောင်ဖြစ်သူ ဆက်ဘက်ရှန်းဂျိန်း ဟာအကြွေးတွေ
မဆပ်နိုင်တဲ့အတွက်အသတ်ခံခဲ့ရပါတယ် သူ့မောင်အတွက်လက်စားချေဖို့အတွက်
ဒေါက်တာဂျိန်း ဟာသူမောင်ကိုသတ်ခဲ့တဲ့သူကဘယ်သူလဲဆိုတာကိုစုံစမ်းခဲ့ပီး
လက်စားချေခဲ့ပါတယ် ဒါပင်မဲ့သူလက်စားချေတဲ့ပုံစံကသမရိုးကျပုံစံတော့
မဟုတ်ခဲ့ပါဘူး သူ့မောင်အတွက်ဘယ်လိုလက်စားချေလဲဆိုတာနဲ့
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့..........
ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ခုပါ
18+ အခန်းတစ်ချို့ပါဝင်တဲ့အတွက်မိသားစုနဲ့အတူကြည့်လို့တော့
အဆင်မပြေလောက်ပါဘူး..။

                            တိုက်ရိုက်ကြည့်ရန် DOWNLOAD ရန်နှိပ်ပါ

The Girl On The Train(2016)မြန်မာစာတန်းထိုး



အားလုံးပဲ မင်္ဂလာပါခင်ဗျာ
ဒီတခါတော့ လူတယောက်အပေါ်ကို ကိုယ့်ရဲ့ခံယူချက်တွေကို ပြောင်းလဲသွားနိုင်လောက်အောင် ပြုလုပ်ပေးနိုင်တဲ့ psychological thriller ဇာတ်လမ်းကောင်းတပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဒီကားလေးက New York Times' Best Selling ထဲမှ Top Ten ထဲ ပါဝင်ခဲ့တဲ့စာအုပ်တခုကို  ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားပါတယ်။ October 7 မှာစတင်ရုံတင်ခဲ့ဖြစ်ပြီးတော့ ဒီဇာတ်လမ်းဟာ based on the thriller that shocked the world ဆိုပြီး ပြောထားလို့ true story လို့တောင် ပြောလို့ရပါတယ်။

 (Rachel)သူမနက်တိုင်းရုံးသွားရင်ရထားပဲစီးလေ့ရှိပါတယ်။ ရထားပေါ်ကနေနေ့စဉ်မြင်နေကျအရာတွေထဲမှာ Jess နဲ့ Jasson လို့သူမမှတ်ယူခဲ့တဲ့ လင်မယား၂ယောက်ရဲ့ ပြီးပြည့်စုံသော marriage life လေးကို Rachelဟာအားကျနေခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ရထားပေါ်ကနေသူမ ဘယ်လိုမှမထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကိုမြင်လိုက်ရချိန်ကစပြီး Rachel ရဲ့ဘဝဟာရှုပ်ထွေးလာခဲ့ပါတယ်။ သူမဟာလူသတ်မှုတရားခံအဖြစ်လဲစွပ်စွဲခံလိုက်ရပြီးနောက်ပိုင်း.....ဘယ်လိုတွေဆက်ဖြစ်လဲဆိုတာ သိချင်ရင်ဒီကားလေးမှာ ဆက်လက်ခံစားကြပါလို့။

ဇာတ်အိမ်လေးကအရမ်းမိုက်ပြီး မထင်မှတ်လှည့်ကွက်တွေပါတဲ့အပြင် ဇာတ်သိမ်းပိုင်းလေးက ကြည်ရှူသူတွေကို shock ရစေမှာပါ😉
ဒါကြောင့်မိုလို့ 2016 ထဲက လက်မလွှတ်သင့်တဲ့ ကားဖြစ်ကြောင်း တိုက်တွန်းချင်ပါတယ်။☺

movie detail
---------------
imdb -6.7/10

Girl On The Train ဟာ ပထမဆုံး ရုံတင်ပြသတဲ့ ရက်သတ္တပတ်အတွင်းမှာ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၇ သန်းအထိ ရရှိပြီး အခုလို ဝင်ငွေ အကောင်းဆုံး ဇာတ်ကားစာရင်းရဲ့ နံပါတ် တစ် နေရာမှာ ရပ်တည် နိုင်ခဲ့တာပါ။

အမေရိကန် တောင်ပိုင်းမှာ ဟာရီကိန်း မုန်တိုင်း တိုက်ခိုက်နေတဲ့ကြားကပဲ Girl On The Train ဟာ ဒီလောက်ထိ ဝင်ငွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိသျှ စာရေးဆရာမ ပေါ်လာဟော့ကင်းစ်ရဲ့ အရောင်းရဆုံးဝတ္ထု Girl On The Train ကို မူရင်း နာမည်အတိုင်း ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ ဒီဇာတ်ကားရဲ့ ရိုက်ကူးရေး ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၄၅ သန်းသာ ရှိခဲ့တာပါ။


pCloudမှဒေါင်းရန်360P( 480mb) >> http://adf.ly/1hSJgO
pCloudမှဒေါင်းရန်720P( 800mb) >> http://adf.ly/1hSJd9

credit-goldchannel

The Italian Job (2003) မြန်မာစာတန်းထိုး


Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham တို့အပြင် တစ်ခြားသော သရုပ်ဆောင်ကောင်းများစွာပါဝင်ထားပြီး အခုနာမည်ကြီးနေတဲ့ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့ပါဝင်ထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းဖြစ်ပါတယ်။
IMDb Rating (7/10)ထိရရှိထားတဲ့ Action, Crime, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးတော့ပါဘူး။
မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး
ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတာ အာမခံပေးလိုက်ပါတယ်။
ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီး သတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။


pCloudမှဒေါင်းရန်360P( 456mb) >> http://adf.ly/1hQ0gA
pCloudမှဒေါင်းရန်720P( 992mb) >> http://adf.ly/1hQ0m2

credit-www.channelmyanmar.com

In The Deep(2016)မြန်မာစာတန်းထိုး


မင်္ဂလာပါခင်​ဗျာ .... ဒီတစ်ခါ​တင်​ဆက်​​ပေးချင်​တာက​တော့ 2016 မှာ ထွက်​ရှိလာတဲ့ HORROR, THRILLER အမျိုးအစားဖြစ်တဲ့​ IN THE DEEP ဆိုတဲ့ဇာတ်​ကားလေးပဲ ဖြစ်​ပါတယ်​။

မက္ကဆီကို ပင်​လယ်​ထဲ ​အ​ပျော်​ခရီးထွက်​လာကြတဲ့ ညီအစ်မ ၂ ယောက် မ​တော်​တဆဖြစ်​ရာက​နေ ၂၅ ​ပေ ရှည်​တဲ့ ငါးမန်း​တွေအကြား ၁ နာရီစာ​တောင်​မကျန်​တဲ့ အောက်ဆီဂျင်ဘူးနဲ့အတူ ​ရေ​အောက်​ ၄၇ မီတာအနက်​မှာ ရှင်သန်ဖို့အရေး ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရင်သပ်ရှုမောစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။

ဒီဇာတ်​ကားမှာ MANDY MOORE (A WALK TO REMEMBER, THE PRINCESS DIARIES) CLAIRE (MEAN GIRLS 2, BLUE LIKE JAZZ) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး DIRECTOR က​တော့ HORROR ​တွေသာအရိုက်​များတဲ့ JOHANNES ROBERTS ပါ....

အဲ... ​ကြောက်​တတ်​တယ်​ အသဲငယ်​တယ်​ဆိုရင်​​တော့ မကြည့်​ဖို့ တိုက်​တွန်းပါရ​စေ။ တစ်ကမ္ဘာလုံးက ​နေ့စဉ်​ရှူသွင်း​နေတာလဲ ဒီ​လေပါပဲ... ဒါ​ပေမယ့်​ အသက်​နဲ့ရင်းပြီး​တော့ ရှူသွင်းလိုက်​တဲ့ ပင့်​သက်​တရှိုက်​က ဘယ်​​လောက်​အရသာရှိတယ်​ ဆိုတဲ့အ​ကြောင်းပြောပြရင်း နိဂုံးချုပ်လိုက်ပါတယ်

pCloudမှဒေါင်းရန်720P( 638mb) >> http://adf.ly/1hGCbB

credit-goldchannel

Insane(2016)မြန်​မာစာတန်းထိုး

ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ သိပ်မကြာသေးခင်က ထွက်ရှိထားတဲ့
Insane 2016 ဆိုတဲ့ကားလေးပါခင်ဗျာ.... Rating 6.7/10 အထိရရှိထားပြီး ဆုတွေနဲ့အတူ အောင်ပွဲခံခဲ့တဲ့ လျှို့ဝှက်သည်းဖို ဇာတ်ကားကောင်းလေးပါ ဗျာ 😃😃😃
ဇာတ်လမ်းအကျဉ်းလေးကတော့...
မြို့လေးတစ်မြို့မှာ ပထွေးဖြစ်သူနဲ့နေထိုင်တဲ့ ဆိုအေးဟာ စိတ်ရောဂါကုဆေးရုံကို အတင်းအကျပ်ခေါ်ဆောင်ခံရပါတယ်။ သူမကို ဘာအကြောင်းကြောင့်အတင်းအကြပ် ပိတ်လှောင်ထားတာလဲဆိုတာလည်း မသိကြပါဘူး။ သူမရဲ့အကြောင်းတွေကို ဒိုင်ယာရီ စာအုပ်ထဲမှာရေးမှတ်ထားပြီး ရင်ဖွင့်ခဲ့ပါတယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ ဆိုအေးရဲ့မှတ်စုစာအုပ်လေးဟာ အသံလွှင့်ဌာနရုံက ပီဒီနန်ဆိုးဆီကို ရောက်ခဲ့ပါတော့တယ်။ နန်ဆိုးဟာ မှတ်စုထဲက အကြောင်းအရာတွေ ကို ဖတ်ပြီး ဆိုအေးရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်အကြောင်းအရာတွေကို လိုက်လံစုံစမ်းရာမှ.....
အင်မတန်ကြောက်စရာကောင်းပြီး ယုတ်မာပက်စက်တဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေ....
ဆိုအေးကရော....ဘယ်လိုအဖြစ်အပျက်မျိုးတွေကြောင့် စိတ်ကျန်းမာရေးဆေးရုံကို ရောက်ရှိလာရတာလဲ..... စတဲ့ စတဲ့
အဖြစ်အပျက် များစွာကို....အသက်မရှုစတမ်း...စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ....

pCloudမှဒေါင်းရန်720P( 651mb) >> http://adf.ly/1hGCND

credit-goldchannel

Money Monster 2016 မြန်မာစာတန်းထိုး

2016 ထွက် Crime, Thriller အမျိုးအစား ရုပ်ရှင်ကောင်းတစ်ကားပါ။

တီဗွီရှိုးတစ်ခုမှ ငွေကြေးဆိုင်ရာ အကြံပေးမှုတွေလုပ်ပေးနေတဲ့ Lee Gates နဲ့ သူ့ရဲ့

ပရိုဂျူဆာ ပတ်တီတို့ သူတို့အကြံပေးမှုနဲ့ပတ်သတ်ပြီး ဘ၀ပျက်သွားရတဲ့ မြှပ်နှံသူတစ်ယောက်မှ

အနုကြမ်းစီး ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့အခါ….

သူတို့ ဘယ်လိုအလွတ်ရုန်းကြမလဲ….



pCloudမှဒေါင်းရန်720P( 707mb) >> http://adf.ly/1hFTyS

credit-www.channelmyanmar.com