The Storm Warriors (2009) မြန်မာစာတမ်းထိုး

ဒီတစ်ခါတော့တရုတ်သိုင်းကားကြိုက်တဲ့ပရိသတ်ကြီးအကြိုက်တွေ့မယ့်ဇာတ်လမ်းဖြစ်ပါတယ်။ မသမာသူတွေရဲ့
လက်ထဲကို ထီးနန်းကျရောက်မယ့်အရေးမှာ Wind နဲ့ Cloud ဆိုတဲ့ လူငယ်သိုင်းသမားနှစ်ဦးကဘယ်လိုပုံစံကယ်တင်
မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ရန်သူကိုတိုက်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့
မကောင်းဆိုးဝါးဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှာရှင်သန်စေရမှာဖြစ်ပါတယ်။ မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားပြီး
အင်အားကြီးမားလာပြီးရန်သူကိုချေမှုန်းနိုင်ပေမယ့် ပုံမှန်စိတ်အခြေအနေ ပြန်ရရှိဖို့တော့ မသေချာတော့တဲ့ အခြေ
အနေမှာWind က ဒီနည်းလမ်းကိုရွေးပြီးတော့ ရန်သူကိုပဲသတ်နိုင်မလား မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားမလား
ဆိုတာကိုတော့ ကြည့်ရှုခံစားလိုက်ကြပါအုံး။


credit-goldchannel

No comments:

Post a Comment