London Has Fallen (2016) မြန်မာစာတန်းထိုး





pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1bYEms
- ဖိုင်ဆိုဒ်.. 905 Mb
CREDIT-WWW.CHANNEL MYANMAR.COM

Air Lift (2016) မြန်မာစာတန်းထိုး




pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1ZqNwK
-
CREDIT-WWW.CHANNEL MYANMAR.COM

Batman Vs Superman Dawn Of Justice(2016) မြန်မာစာတန်းထိုး





pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1aFLhl
-
CREDIT-WWW.CHANNEL MYANMAR.COM

The Huntsman: Winter's War (2016) မြန်မာစာတန်းထိုး




pCloudမှဒေါင်းရန်Link 720P >>  http://adf.ly/1aOJnO
-
CREDIT-WWW.CHANNEL MYANMAR.COM

Captain America: Civil War(2016)(မြန်မာစာတန်းထိုး)





pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1aDweq
-
CREDIT-WWW.CHANNEL MYANMAR.COM

Monkey King 2 (2016) မြန်မာစာတန်းထိုး





pCloudမှဒေါင်းရန်Link 1080P >> http://adf.ly/1ZmeUB
-
CREDIT-WWW.CHANNEL MYANMAR.COM

Deadpool(2016)မြန်မာစာတန်းထိုး




pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1YmBmw
pCloudမှဒေါင်းရန်Link 1080P>> http://adf.ly/1YmBq9
-
CREDIT-WWW.CHANNEL MYANMAR.COM

Ip Man 3 (2016) မြန်မာစာတန်းထိုး




pCloudမှဒေါင်းရန်Link>> http://adf.ly/1YDlZ3
-
CREDIT-WWW.CHANNEL MYANMAR.COM

Red Cliff (2009) မြန်မာစာတန်းထိုး





pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4
pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1
-
CREDIT-ချမ်းငြိမ်း(မှော်ဝန်း)


Red Cliff (2008) မြန်မာစာတန်းထိုး





pCloudမှဒေါင်းရန်Link ဆိုဒ်သေး 590 mb >> http://adf.ly/1YPdFL
pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1900 mb>> http://adf.ly/1YPdIp
-
CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Dear Zindagi (or) The Best Bollywood Movie in 2016

နေ့စဉ်ဓူဝ ရုန်းကန်လှုပ်ရှားနေရတဲ့ လူ့ဘဝကြီးထဲမှာ အောင်မြင်သောဘဝကိုရရှိဖို့

အခက်အခဲမျိုးစုံကို ဖြတ်သန်းနေရပါတယ်။မအောင်မြင်ခင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို

ရင်ဆိုင်ကျော်လွှားဖို့ မိဘနဲ့ မိမိရဲ့ အရင်းအနှီးဆုံးသူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေကို

လိုအပ်ပါတယ်။သူတို့ရဲ့ ကူညီမှုသာမပါရင် ကျော်ဖြတ်ဖို့ တော်တော်လေးပင်ပန်းခက်ခဲမှာပါ။

မိတ်ဆွေကောင်းတွေရဲ့ အကြံဉာဏ်တွေက ကျွန်တော့်တို့ရှေ့ဆက်လျှောက်လှမ်းရမယ့်

ဘဝအတွက်တော့ အကောင်းဆုံးခွန်အားပါပဲ။

Kaira (Alia Bhatt) က အရည်အချင်းရှိတဲ့ Cinematographer တစ်ယောက်ဖြစ်ပြီး

သူမရဲ့ဘဝကို ဒီထက်အောင်မြင်မှုရဖို့ကြိုးစားနေသူပါ။ဒါပေမဲ့ နှလုံးသားရေးမှာတော့ ကံမကောင်းသေးပါဘူး။

သူမနဲ့ ကိုက်ညီတဲ့ စစ်မှန်တဲ့ အချစ်စစ်ကိုရှာဖွေနေတုန်းမှာပဲ အသည်းကွဲခံလိုက်ရပါတယ်။

Goa မှာရှိတဲ့ စားသောက်ဆိုင်ကြော်ငြာရိုက်ဖို့အတွက် မွေးရက်မြေကို ပြန်ဖို့ဖြစ်လာသောအခါ

စိတ်ဓာတ်ကျပြီး ရည်မှန်းချက်ပျောက်နေတဲ့ Kaira တစ်ယောက် စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်တဲ့

Dr. Jehangir Khan (Shah Rukh Khan) ရဲ့ ဟောပြောမှုကိုနားထောင်ဖြစ်ခဲ့ပါတယ်။

ပြီးတော့ သူမရဲ့ဖြစ်ပျက်နေတဲ့ စိတ်ပျက်မှုကိုပပျောက်ဖို့အတွက် Dr.Jug နဲ့တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။

ပုံမှန်သမာရိုးကျမဟုတ်တဲ့ ကုသမှုတွေနဲ့ Kiara ရဲ့ အတိတ်ဘဝ၊လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့အခါ

Dear Zindagi ဆိုတဲ့ လှပတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ပထမဆုံးချီးကျူးလိုတာကတော့ ဇာတ်ကားကို ရိုက်ကူးတဲ့

အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde ရဲ့ ရိုက်ကူးမှုပါပဲ။မြန်မာပရိသတ်တွေတော်တော်သဘောကျတဲ့

ပေါက်ကားဖြစ်တဲ့ အမေရိကန်ရောက် အင်ဒီယန်းအမျိုးသမီးရဲ့ အင်္ဂလိပ်စာသင်ယူမှု အကြောင်းရိုက်ကူးထားတဲ့

English Vinglish ဇာတ်ကားကို ရိုက်ကူးထားတဲ့သူပါ။ဝင်ငွေပိုင်းအရအောင်မြင်သလို

အနုပညာအရလည်းဆုပေါင်းများစွာရရှိခဲ့တဲ့ကားကို ရိုက်ကူးခဲ့တဲ့သူမအနေနဲ့ ယခုဇာတ်ကားအပါအဝင်

ဇာတ်ကားနှစ်ကားပဲရိုက်ကူးထားရပါသေးတယ်။တကယ်ကိုပဲ ချီးကျူးဖို့ကောင်းသလို

ရိုက်ကူးတဲ့ဇာတ်ကားနှစ်ကားလုံးကအရမ်းကိုကောင်းမွန်သလို ဝင်ငွေပိုင်းမှာလည်း အောင်မြင်ခဲ့ပါတယ်။

အမျိုးသမီးဒါရိုက်တာဖြစ်တာနဲ့အညီ သူမရဲ့ဇာတ်ကားတွေမှာ အမျိုးသမီးဇာတ်ကောင်ကို

အဓိကထားရိုက်သလို ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်က မင်းသမီး Alia Bhatt ဖြစ်ပါတယ်

။နောက်ပိုင်းတက်သစ်စမင်းသမီးတွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့ Alia အတွက်တော့ ဒီဇာတ်ကားက

သူမရဲ့သရုပ်ဆောင်ဘဝကို တစ်ဆင့်တက်စေတဲ့ ဇာတ်ကားပါပဲ။လုပ်ကွက်ရတာနဲ့အညီ

အကောင်းဆုံးသရုပ်ဆောင်သွားတဲ့ Alia ကတော့ ဒီနှစ်ဆုပေးပွဲတွေရဲ့

အဓိကသရုပ်ဆောင်ဆုတွေမှာ ရေပန်းစားနေပါသည်။

မင်းသမီးရဲ့အဓိကဦးဆောင်တဲ့ဇာတ်ဖြစ်ပေမယ့် Dear Zindagi ဆိုတဲ့ ဇာတ်ကားရဲ့

အသက်ကိုသွင်းပေးတဲ့သူကတော့ Dr.Jug အဖြစ်သရုပ်ဆောင်တဲ့ အားလုံးချစ်တဲ့မင်းသားကြီး

Shah Rukh Khan(SRK) ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းအသက်ဖြစ်တဲ့ အရမ်းကောင်းမွန်တဲ့

စိတ်ပညာနဲ့ပတ်သတ်တဲ့ ရှင်းလင်းချက်တွေကို လွယ်ကူစွာနားလည်နိုင်စေရန် ဥပမာပေးပြီး အရေးကြီးတဲ့

ဘဝနဲ့ဆိုင်တဲ့ ဒသနတွေကို ပြောပြခဲ့တဲ့ SRK ရဲ့ဇာတ်ရုပ်က တော်တော်လေးကောင်းမွန်ပါတယ်။

မင်းသားရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်မှုတွေပေါင်းစပ်လိုက်တဲ့ အခါမှာတော့

Dr.Jug ဆိုတဲ့ဇာတ်ကောင်က ကျွန်တော်ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။

ဒီဘက်နှစ်တွေမှာ Bollywood မဆန်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးလာတဲ့ မင်းသားရဲ့ပြောင်းလဲမှုကို

သက်သေပြုတဲ့ ဒီဇာတ်ကားက ပုံမှန် Bollywood ဇာတ်ကားကနေအများကြီးခွဲထွက်ထားပါတယ်။

မြန်မာနိုင်ငံနဲ့ တော်တော်လေးဆင်ပြီး အရမ်းလှတဲ့ ဂိုအာမြို့မှာအခြေပြုရိုက်ကူးထားတဲ့ ဒီဇာတ်ကားက

ပုံမှန်ဖြစ်နေတဲ့ အုပ်စုဖွဲ့ဝိုင်းကတဲ့ သီချင်းခန်းတွေမပါသလို ယုတ္ထိမရှိတဲ့ fight scence လည်း မပါဝင်ပါဘူး။

ဇာတ်ကားနဲ့အရမ်းလိုက်ဖက်သလို အရမ်းကို အဓိပ္ပါယ်ရှိပြီးကောင်းလွန်းတဲ့ နောက်ခံဇာတ်ဝင်သီချင်းတွေသာပါဝင်ပါတယ်

။တော်တော်များလည်းအကြိုက်တွေ့မယ် ထင်ပါတယ်။ဒီလိုသီချင်းပုံစံမျိုးသုံးတာကတော့

ဒါရိုက်တာ Gauri Shinde ရဲ့ စတိုင်လို့ပြောရသလို အရမ်းလည်းမိုက်ပါတယ်။

ရိုက်ကူးထားတာကလည်းလှပသလို မင်းသမီးရဲ့ချစ်စဖွယ်အလှလည်းပေါ်လွင်ပါတယ်။

ဘာမှနည်းပညာဆန်းသစ်မှုမပါပဲ ဘတ်ဂျက်အနည်းငယ်သာကုန်ပြီး ရိုက်ကူးထားတဲ့

ဒီဇာတ်ကားက ရုံတင်ပြီးသုံးရက်အတွင်းမှာပဲ ရိုက်ကူးစရိတ်ကျေပြီး အခုဆိုရင်အမြတ်များစွားရနေပြီဖြစ်ပါတယ်။

ရုပ်ရှင်ကားတစ်ကားရဲ့ အသက်ဖြစ်တဲ့ ဇာတ်ညွှန်းကောင်းမှုနဲ့ သရုပ်ဆောင်တွေရဲ့ အသက်ဝင်တဲ့သရုပ်ဆောင်မှုတွေက

ဒီဇာတ်ကားကို အောင်မြင်မှုကိုတွန်းပို့စေပါတယ်။ဒီနေရာတစ်ခုတွေးမိတာ နည်းပညာမတိုးတက်လို့

ရုပ်ရှင်ကားမကောင်းဘူးပြောနေတဲ့ သူတစ်ချို့ကိုသတိရမိပါသေးတယ်။

သူတို့ကို ဒီဇာတ်ကားလေးကို တစ်ခါလောက်ကြည့်ဖို့တိုက်တွန်းချင်ပါသေးတယ်။

ပထမဆုံးပြောခဲ့သလိုပဲ အခက်အခဲတွေနဲ့ကြုံတဲ့အခါ မိတ်ဆွေကောင်းတွေရဲ့ အားပေးလမ်းညွန်မှုက

အရေးပါလှပါတယ်။Kiara ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုပြောခဲ့တဲ့ Dr.Jug ရဲ့

စကားလုံးတိုင်းက အရမ်းကောင်းပါတယ်။ကျွန်တော်ရေးပြရင် ပေါ့သွာသလိုဖြစ်သွားမှာတာကြောင့်

သူငယ်ချင်းတွေကိုတိုင် ကြည့်ရှုပြီးခံစားစေချင်ပါတယ်။တကယ်ကို အဖိုးတန်တဲ့စကားတွေဖြစ်သလို

ကျွန်တော်တို့အတွက်တွန်းအားတစ်ခုရစေမှာပါ။စိတ်ဓာတ်ကျနေတဲ့သူတွေ၊တွန်းအားတစ်ခုလိုချင်တဲ့သူတွေ၊

မိတ်ဆွေကောင်းတစ်ယောက်လိုချင်တဲ့သူတွေကိုတော့ ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုပါတယ်။အချိန် ၂နာရီခွဲ

အတွင်းမှာပဲ ပေးလိုက်ရတဲ့အချိန်ထက် ပိုတန်တဲ့ ထိုက်တန်မှုကိုရရှိမယ်ဆိုတာကတော့ ရဲရဲကြီးအာမခံပါတယ်။

ဒီဇာတ်ကားလေးကိုကြည့်ပြီး ကျွန်တော်တို့ရဲ့ ဘဝနေနည်းအတွက် Dr.Jug ရဲ့

အကူအညီကိုယူပြီး အသုံးချလိုက်ရအောင်လားခင်ဗျာ……

ဘာသာပြန်သူကတော့ White Tariq Ye Aung ဖြစ်ပါတယ်

ရုပ်ရှင်အညွှန်းကိုတော့ M-MDB ကကူးယူဖော်ပြပါတယ်

pCloudမှဒေါင်းရန်720P( 1100mb) >> http://adf.ly/1i5ut8

credit-goldchannel

Hancock (2008) မြန်မာစာတန်းထိုး











pCloudမှဒေါင်းရန်360P( 512mb) >> http://adf.ly/1i5tL6
pCloudမှဒေါင်းရန်720P( 950mb) >> http://adf.ly/1i5tOR

credit-www.channelmyanmar.com

Hwayi : A Monster Boy(2013)မြန်မာစာတန်းထိုး

Hwayi : A Monster Boy သည် IMDB Rateing 7.1 Youtube တွင် ဘာသာစကားအမျိုးမျိုးနှင့် နိုင်ငံတကာက စိတ်ဝင်တစားကြည့်ရသော ဇာတ်ကားတစ်ကား ဖြစ်သည်။ (''Save the Green Planet '') တွင် ရိုက်ကူးခဲ့သူ Director Joon-Hwan Jang က အသွင်အပြင်နှစ်မျိုးနှင့်သရုပ်ဆောင်ထားသည်။ အလွန်ကောင်းမွန်သော ရုပ်ရှင်ရိုက်ချက်နှင့် ဂရပ်ဖစ်လှလှပပသုံးရိုက်ကူးထားသည်။ Hwayi : A Monster Boy သည် drama/thriller နှစ်မျိုး ရောယှက်ရိုက်ကူးအစွမ်းပြထားသော ဇာတ်ကားတစ်ကားဖြစ်သည်။ ပြန်ပေးဆွဲသူများ သူခိုးဓားမြများ လူသတ်သမားနှင့် ဖွဲ့စည်းထားသော ဂိုဏ်းတစ်ဂိုဏ်းက ကျွေးမွေးပြုစုစောင့်ရှောက်ထားသော ကလေးတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားပါသည်။ လူအဖွဲ့အစည်းတွင် တွေ့ရနိုင်သော စိတ်ဓာတ်ကိုယ်ကျင့်တရားသော မဟုတ်ပေ။ သို့သော အဲ့ဒီလောက် မရိုးရှင်းသော လောကကြီးတွင် အဖြူနှင့် အမည်းရောယှက်ထားသော မီးခိုးရောင်ပုံစံစိတ်ထားမျိုးကို ပြထားခြင်းဖြစ်သည်။ သရုပ်ဆောင်တစ်ဦးချင်းစီ၏ ရှုပ်ထွေးလှသော စရိုက်နှင့် သူတို့၏ ဆက်နွယ်မှုကို သရုပ်ပေါ်အောင်ရိုက်ကူးနိုင်သော ရုပ်ရှင်မှတ်တိုင်တစ်ခု ဖြစ်ပေသည်။ ရက်စက်ကြမ်းကြုတ်ခြင်း သနားခြင်း အမုန်း အချစ် ကလဲ့စားချေမှု စသဖြင့် ရောသမမွှေရိုက်ကူးပြနိုင်သော ဇာတ်ကားတစ်ကားဖြစ်သည်။ Gold Channel ပရိသတ်ကြီးအတွက် ရသမျိုးစုံ ပေးစွမ်းနိုင်သော ဇာတ်ကားတစ်ကားဖြစ်၍ ကြိုးစားတင်ဆက်ထားခြင်း ဖြစ်ကြောင်း ကြည့်ရှုခံစားကြည့်ကြပါ
လို့…..

pCloudမှဒေါင်းရန်720P( 1000mb) >>  http://adf.ly/1i5ske

credit-goldchannel

Nocturnal Animals(2016)မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်း (Synopsis)

အမှန်တော့ ဒီအိမ်ထောင်ရေးဟာ သာယာတဲ့အိမ်ထောင်ရေးတစ်ခုတော့ မဟုတ်ဘူး။ မိမိလုပ်ကိုင်ရာနယ်ပယ်မှာ အသီးသီးအောင်မြင်ခြင်းတွေကြောင့်လည်း ထုံးစံအတိုင်း တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာလွန်းတယ်လို့ ခံစားနေရတာ ကြာပြီ။ အမျိုးသားဖြစ်သူကတော့ သိပ်အရေးလုပ်ဟန်မတူ၊ သူ့ စီးပွားရေးလုပ်ငန်းတွေအတွက်ပဲ အာရုံစိုက်နေသလို တစ်ခြားအပြင်မှာလည်း ပျော်စရာတွေ့ ထားတာကိုး။ ဒါပေမဲ့ အမျိုးသမီးလုပ်သူကတော့ မိန်းမဆိုတဲ့အတိုင်း အေးစက်စပြုလာတဲ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပြန်လည်နွေးထွေးအောင် ဆောင်ရွက်ဖို့ အခွင့်သာတိုင်း ကြိုးစားပါတယ်။ ဒါပေမဲ့ အမျိုးသားရဲ့ ရှောင်လွှဲမှုတွေကပဲ သူမကို ကြိုဆိုနေခဲ့တယ်။


ခု ရက်ပိုင်း သူမစိတ်တွေ နောက်ကျိနေတယ်။ အရင်လို သွက်လက်လန်းဆန်းတယ်ဆိုတာ သူမမျက်နှာမှာ မတွေ့ ရတာတောင်ကြာလှပေါ့။ သူမရဲ့ အလုပ်ဖြစ်တဲ့ အနုပညာပြပွဲတွေမှာလည်း စိတ်သိပ်မပါတော့။ ဒါတွေဟာ ခင်ပွန်းဖြစ်သူကို စွဲလန်းတဲ့စိတ်ကြောင့်မဟုတ်ဘူး။ အတိတ်က ခင်ပွန်းဟောင်းကို ပြန်လည်တမ်းတနေတဲ့ စိတ်ကြောင့်ပဲ။ တမ်းတတယ်ဆိုတာကလည်း သူမစိတ်ထဲမှာ မကြာမကြာ ဝင်ဝင်လာတတ်တဲ့ သတိရခြင်းမျိုးကို ပြောတာ။ ထို့ နောက်တော့ တစ်ရက်တွင် ထိုခင်ပွန်းဟောင်းဖြစ်သူထံမှ သူမအတွက်ဆိုပြီး ရေးထားတဲ့ စာမူတစ်ခု (ထုတ်ဝေခြင်းမပြုရသေးသော ဝတ္ထု) ရောက်ရှိလာတော့ သူမရဲ့ စိတ်တွေ ပိုရောက်ရက်ခက်ကုန်တော့တာပဲ။


ထိုဝတ္ထုစာအုပ်နာမည်က “Nocturnal Animals” တဲ့။ သူမပြန်သတိရမိသွားတယ်။ ဒီနာမည်ဟာ ထိုခင်ပွန်းဟောင်း သူမကို ခေါ်လေ့ရှိတဲ့နာမည်တစ်ခုဆိုတာပဲ။ ပထမဆုံး စာမျက်နှာကို လှန်လိုက်တော့ “For Susan” တဲ့။ Susan ဆိုတာ သူမနာမည်လေ။ ထို့ နောက် သူမထိုစာအုပ်ကို စဖတ်ရင်း အတိတ်က ဖြစ်ရပ်တွေကို မြင်ယောင်လာပါတော့တယ် …


pCloudမှဒေါင်းရန်720P( 851mb) >> http://adf.ly/1hoPbq

credit-goldchannel

Collide (2016)မြန်မာစာတန်းထိုး

Casey နဲ့ Juliette တို့်နှစ်​​ယောက်​ဟာ ဂျာမနီနိုင်​ငံက ဘားတစ်ခုမှာ တွေ့ဆုံခဲ့ပြီး​နောက်​ ချစ်ကြိုက်ခဲ့ကြတယ်။ Casey က Juliette လို ချစ်​ရတဲ့ ချစ်​သူတစ်​​ယောက်​ရှိ​နေပြီ ဖြစ်​တဲ့အတွက်​ သူရဲ့ အလုပ်​တစ်​ခုဖြစ်​တဲ့ တရားမဝင် မူးယစ်​​ဆေးဝါး ​ရောင်းဝယ်​တဲ့အလုပ်ကို မလုပ်​​တော့ဖို့ ဆုံးဖြတ်လိုက်တယ်။

Juliette နဲ့အတူ နှစ်​​ယောက်​သား အေးချမ်းတဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေစဉ်မှာ Juliette ရဲ့ ကျန်းမာ​ရေးအ​ခြေအ​နေက ရုတ်​တရက်​ ဆိုးရွားလာတာ​ကြောင့် ကျောက်ကပ်အစားထိုးခွဲစိတ်ဖို့ ဖြစ်လာတယ်။ ဒါ​ပေမဲ့ Casey မှာ ​ငွေမရှိဘူး။ Juliette ရဲ့ ​ရောဂါကို ကုသနိုင်​ဖို့အတွက်​ လို​နေတဲ့ ပမာဏကလည်း ​တော်​​တော်​များများပဲ။

ဒါနဲ့ Casey ဟာ ဒုစရိုက်​​လောကက သူ့ရဲ့ ​ဘောစိ​ဟောင်း Geran ဆီမှာ ပြန်အလုပ်လုပ်ဖို့ ဖန်​လာတယ်​။ ဂျာမနီက နာမည်​ကြီး မူး​ယစ်​​ဆေးဝါး​မှောင်​ခိုကုန်​သည်​ကြီး Hagen Khal ဆီက​နေ ကိုကင်းတွေအပြည့်ပါတဲ့ ကုန်တင်ကားတစ်​စီးကို ခိုး​ပေးမယ်​ဆိုပြီး Casey က Geran နဲ့ အပေးယူလုပ်ခဲ့တယ်။

ဒါ​ပေမဲ့ Hagen Kal က သူ့ရဲ့ကုန်​တင်​ကား ခိုးသွားသူဟာ Casey မှန်း သိသွားတဲ့အခါ ​ကြေးစားလူသတ်သမားတွေကို ရ​အောင်​ဖမ်းဖို့ ​စေခိုင်းခဲ့တယ်​။ ချစ်​ရသူ Juliette ရဲ့ အသက်ကို ကယ်တင်​နိုင်​ဖို့အတွက်​ လူသတ်သမားတွေရဲ့လက်​က​နေ Casey တစ်​​ယောက်​ လွတ်အောင်​ ​ပြေးနိုင်ပါ့မလား။ ဒါမှမဟုတ်​ မူးယစ်​​ဆေးဝါး ဒုစရိုက်​သမား​​တွေကို လက်​ရဖမ်းဖို့ ထပ်​ကြပ်​မကွာ လိုက်​နေတဲ့ ဂျာမန်​ရဲတွေဆီမှာပဲ အဖမ်းခံရ​လေမလား။

IMDb 5.6 ရရှိထားတဲ့ Collide (2016) ဟာ Nicholas Hoult , Felicity Jones, Anthony Hopkins တို့လို နာမည်​ကြီး သရုပ်​​ဆောင်​​တွေ ပါဝင်​ထားတာ​ကြောင့်​ စိတ်​လှုပ်​ရှားစရာ အက်​ရှင်​ခန်း​တွေနဲ့ ကြည့်​ရတာ အဆင်​​ပြေတဲ့ ဇာတ်​ကားတစ်​ကား ဖြစ်​ပါတယ်​။


pCloudမှဒေါင်းရန်720P( 800mb) >> http://adf.ly/1hXZe1

credit-goldchannel

The Girl On The Train(2016)မြန်မာစာတန်းထိုး



အားလုံးပဲ မင်္ဂလာပါခင်ဗျာ
ဒီတခါတော့ လူတယောက်အပေါ်ကို ကိုယ့်ရဲ့ခံယူချက်တွေကို ပြောင်းလဲသွားနိုင်လောက်အောင် ပြုလုပ်ပေးနိုင်တဲ့ psychological thriller ဇာတ်လမ်းကောင်းတပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဒီကားလေးက New York Times' Best Selling ထဲမှ Top Ten ထဲ ပါဝင်ခဲ့တဲ့စာအုပ်တခုကို  ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားပါတယ်။ October 7 မှာစတင်ရုံတင်ခဲ့ဖြစ်ပြီးတော့ ဒီဇာတ်လမ်းဟာ based on the thriller that shocked the world ဆိုပြီး ပြောထားလို့ true story လို့တောင် ပြောလို့ရပါတယ်။

 (Rachel)သူမနက်တိုင်းရုံးသွားရင်ရထားပဲစီးလေ့ရှိပါတယ်။ ရထားပေါ်ကနေနေ့စဉ်မြင်နေကျအရာတွေထဲမှာ Jess နဲ့ Jasson လို့သူမမှတ်ယူခဲ့တဲ့ လင်မယား၂ယောက်ရဲ့ ပြီးပြည့်စုံသော marriage life လေးကို Rachelဟာအားကျနေခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ရထားပေါ်ကနေသူမ ဘယ်လိုမှမထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကိုမြင်လိုက်ရချိန်ကစပြီး Rachel ရဲ့ဘဝဟာရှုပ်ထွေးလာခဲ့ပါတယ်။ သူမဟာလူသတ်မှုတရားခံအဖြစ်လဲစွပ်စွဲခံလိုက်ရပြီးနောက်ပိုင်း.....ဘယ်လိုတွေဆက်ဖြစ်လဲဆိုတာ သိချင်ရင်ဒီကားလေးမှာ ဆက်လက်ခံစားကြပါလို့။

ဇာတ်အိမ်လေးကအရမ်းမိုက်ပြီး မထင်မှတ်လှည့်ကွက်တွေပါတဲ့အပြင် ဇာတ်သိမ်းပိုင်းလေးက ကြည်ရှူသူတွေကို shock ရစေမှာပါ😉
ဒါကြောင့်မိုလို့ 2016 ထဲက လက်မလွှတ်သင့်တဲ့ ကားဖြစ်ကြောင်း တိုက်တွန်းချင်ပါတယ်။☺

movie detail
---------------
imdb -6.7/10

Girl On The Train ဟာ ပထမဆုံး ရုံတင်ပြသတဲ့ ရက်သတ္တပတ်အတွင်းမှာ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၇ သန်းအထိ ရရှိပြီး အခုလို ဝင်ငွေ အကောင်းဆုံး ဇာတ်ကားစာရင်းရဲ့ နံပါတ် တစ် နေရာမှာ ရပ်တည် နိုင်ခဲ့တာပါ။

အမေရိကန် တောင်ပိုင်းမှာ ဟာရီကိန်း မုန်တိုင်း တိုက်ခိုက်နေတဲ့ကြားကပဲ Girl On The Train ဟာ ဒီလောက်ထိ ဝင်ငွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဗြိတိသျှ စာရေးဆရာမ ပေါ်လာဟော့ကင်းစ်ရဲ့ အရောင်းရဆုံးဝတ္ထု Girl On The Train ကို မူရင်း နာမည်အတိုင်း ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ ဒီဇာတ်ကားရဲ့ ရိုက်ကူးရေး ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ ၄၅ သန်းသာ ရှိခဲ့တာပါ။


pCloudမှဒေါင်းရန်360P( 480mb) >> http://adf.ly/1hSJgO
pCloudမှဒေါင်းရန်720P( 800mb) >> http://adf.ly/1hSJd9

credit-goldchannel

The Italian Job (2003) မြန်မာစာတန်းထိုး


Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham တို့အပြင် တစ်ခြားသော သရုပ်ဆောင်ကောင်းများစွာပါဝင်ထားပြီး အခုနာမည်ကြီးနေတဲ့ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့ပါဝင်ထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းဖြစ်ပါတယ်။
IMDb Rating (7/10)ထိရရှိထားတဲ့ Action, Crime, Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးတော့ပါဘူး။
မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး
ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတာ အာမခံပေးလိုက်ပါတယ်။
ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီး သတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။


pCloudမှဒေါင်းရန်360P( 456mb) >> http://adf.ly/1hQ0gA
pCloudမှဒေါင်းရန်720P( 992mb) >> http://adf.ly/1hQ0m2

credit-www.channelmyanmar.com

Operation Mekong(မဲခေါင် စစ်ဆင်ရေး)2016 မြန်မာစာတန်းထိုး


စက်တင်ဘာ ၃၀ ရက်နေ့ကမှ စတင်ရုံတင်ခဲ့တဲ့ Operation Mekong ဟာ imdb (၇.၁) ရရှိထားသလို လက်တလော Chinese box office မှာတော့ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ၂၀၁၆ အတွက် အက်ရှင်ကားကောင်းအဖြစ်ကော၊ ရုံဝင်မှုအကောင်းဆုံးမှာပါ ထိပ်တန်းအဆင့်အဖြစ် မှတ်တမ်းကောင်းရရှိခဲ့ပါပြီ။

မဲ​ခေါင်​ဆိုတာ အ​ရှေ့​တောင်​အာရှရဲ့ နာမည်​ကြီး မြစ်​တစ်​စင်းပါ
တရုတ်​က​နေမြစ်​ဖျားခံပြီး လာအို မြန်​မာ ထိုင်း က​မ္ဘောဒီးယား ဗီယက်​နမ်​ ဆိုတဲ့ နိုင်​ငံ​တွေကိုဖြတ်​သန်းစီးဆင်း​နေတဲ့ ဒီမြစ်​ဟာ မြစ်​​ကြောင်းရှည်​လျားသလို ပြဿနာအရှုပ်​အရှင်း​တွေကလည်း ​ရေးမဆုံး​အောင်​ ရှည်​လျားရှုပ်​​ထွေးပါတယ်

၂၀၁၁ ​အောက်​တိုဘာ ၅ ရက်​​နေ့မနက်​ခင်းမှာ ထိုင်းမြန်​မာနယ်​စပ်​အနီး မဲ​ခေါင်​မြစ်​အတွင်း ခုတ်​​မောင်း​နေတဲ့ ဟွာပင်းနဲ့ ယူရှင်း ၈ ဆိုတဲ့ကုန်​သ​ဘောင်္နှစ်​စင်းစီးနင်းခံရပါတယ်
အခြားမျက်​မြင်​သက်​​သေ​လှေတစ်​စင်းရဲ့ထွက်​ချက်​အရ မြန်​မာပိုင်​နက်​အတွင်းမှာဖြစ်​ပြီး စီးနင်းတိုက်​ခိုက်​သူရှစ်​ဦးလို့ သတင်းထုတ်​ပြန်​ပါတယ်
စီးနင်းမှုဖြစ်​အပြီးထိုင်းမြစ်​​ကြောင်းရဲတပ်​ဖွဲ့က စစ်​​ဆေးခဲ့ရာမှာ​တော့ အက်​ဖီတမင်း​ဆေးပြား ၉၀၀,၀၀၀ (အ​မေရိကန်​​ဒေါ်လာ သုံးသန်းဖိုးခန့်​) ​ရေယာဉ်​​တွေ​ပေါ်မှာ​တွေ့ခဲ့ရတယ်
စီးနင်းခံ​ရေယာဉ်​နှစ်​စီးက သ​ဘောင်္သား ၁၃ ဦးကို​တော့ ​နောက်​ပိုင်းမှ မြစ်​တွင်းမှာပဲ အ​လောင်းရှာ​တွေ့ခဲ့ရတယ်

ချက်​ချင်းပဲ တရုတ်​အစိုးရက မဲ​ခေါင်​မြစ်​အတွင်း တရုတ်​ကုန်​စည်​​ဖောက်​ကားမှုနဲ့ပတ်​သက်​တဲ့ ​ရေ​ကြောင်းသွားလာမှု​တွေကို တားမြစ်​လိုက်​ပြီး
မြန်​မာ ထိုင်း လာအို သုံးနိုင်​ငံက တရုတ်​နိုင်​ငံနဲ့ ပူး​ပေါင်းပြီး မြစ်​​ကြောင်းတစ်​​လျှောက်​ ကင်းလှည့်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ်
စုံစမ်းမှု​တွေအပြီးမှာ ​ရေယာဉ်​​ပေါ်မှာ​တွေ့ရတဲ့ ​ဆေး​တွေက ​ရေယာဉ်​ပိုင်​ပစ္စည်းမဟုတ်​ပဲ စီးနင်းသူ​တွေက အတင်းအကြပ်​ပို့​ဆောင်​​ပေးရန်​​စေခိုင်းခဲ့တာဖြစ်​တယ်​လို့ သတင်းထုတ်​ပြန်​ပါတယ်​(လူကိုသတ်​သွားပြီး ပစ္စည်းကျပြန်​ယူမသွားဘူးဆို​တော့ ဆန်း​တော့ဆန်းသား)
အကြမ်းဖက်​စီးနင်းမှုနဲ့ အပြစ်​မဲ့​သ​ဘောင်္သားများ အသတ်​ခံရမှုမှာ ​နောက်​ကွယ်​ကကြိုးကိုင်​သူဟာ ​နော်​ခမ်းဖြစ်​တယ်​လို့ စုံစမ်းသူ​တွေက အခိုင်​အမာဆိုပါတယ်
(ဟုတ်​ပါတယ်​ ​နော်​ခမ်းဆိုတာက​ facebook မှာ နာမည်​ကြီးခဲ့တဲ့ ​နော်​ခမ်းပါပဲ)
နော်​ခမ်းဟာ ရှမ်းဗမာကပြားဖြစ်​ပြီး​ ​ရွှေတြိဂံလို့​ခေါ်တဲ့ အမဲ​ရောင်​နယ်​​မြေက မူးယစ်​ရာဇာတစ်​ဦးလို့ သတ်​မှတ်​ကြပါတယ်
ဘိန်းဘုရင်​ခွန်​ဆာရဲ့ လူရင်းတစ်​ဦးဆိုလည်းမမှားပါဘူး
(wiki က​နော်​ခမ်းကို ၂၀၁၂ ဧပြီမှာ လာအိုတပ်​ဖွဲ့ကဖမ်းဆီးမိပြီး တရုတ်​ကိုလွှဲ​ပြောင်း​ပေးအပ်​ခဲ့တယ်​လို့ ဆို​ထား​ပေမယ့်​)
ဒီဇာတ်​လမ်းမှာ​တော့ တရုတ်​အထူးတပ်​ဖွဲ့ရဲ့ မူးယစ်​ရာဇာတစ်​​ယောက်​ကို ​​ထောက်​လှမ်းခဲ့ပုံ၊ ဥပ​ဒေ​ဘောင်​အပြင်​က ထိတ်​ထိတ်​ကြဲရာဇဝတ်​​ကောင်​​တွေနဲ့ ဥပ​ဒေဘက်​​တော်​သားတို့ သူနိုင်​ကိုယ်​နိုင်​အပြိုင်​ကြဲပုံ​တွေကို ရင်​သပ်​ရှု​မောဖွယ်​ရာ ခံစားကြည့်​ရှုရမှာဖြစ်​ပါတယ်
(ဇာတ်​လမ်းက​တော့ ​ပေါက်​ချက်​ပဲ တရုတ်​မှာ ဝင်​​ငွေအ​ကောင်းဆုံးကားစာရင်းထဲ​တောင်​ဝင်​သွား​သေးတယ်​)

သမိုင်း​နောက်​ခံအဖြစ်​မှန်​​​တွေ တရားမျှတမှု လူ့အခွင့််​အ​ရေးစတဲ့ အရာ​တွေနဲ့ချိန်​ထိုးကြည့်​မယ်​ဆိုရင်​​ ​နော်​ခမ်းရဲ့အမှုဟာ ​မေးခွန်းထုတ်​စရာများစွာရှိ​နေခဲ့​ပေမယ့်​ ဒီကားက​တော့ လက်​မလွတ်​တမ်းကြည့်​သင့်​တဲ့ ကား​ကောင်း​လေးတစ်​ကားဆိုတာ​ကတော့ အ​သေအချာပါပဲ

pCloudမှဒေါင်းရန်720P( 808mb) >> http://adf.ly/1hLywl

credit-goldchannel

Jack Reacher (2012) မြန်မာစာတန်းထိုး


လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်တြဖစ်ဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတေကွ James Barr ရဲ့အိမ်ကို ၀င်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲ Jack ဟာ သူတို့ဆီရောက်လာတယ်.Jack က barr နဲ့တွေ့ခွင့်တောင်းတော့ရဲတွေကခွင့်ပြုတယ်.Barr ဟာ Jack နဲ့တွေ့ချိန်မှာ ရဲကားပေါ်ကလူတွေနဲ့ရန်ဖြစ်ခဲ့ခြင်းကြောင့် coma ဖြစ်ပြီးမေ့မြောနေတယ်. နောက်တော့ barr ရဲ့ ရှေ့နေ Helen rodinနဲ့တွေ့ပြီး အမှုကိုအတူတူစုံစမ်းကြတဲ့အခါ Barr ကတကယ်ပဲအပြစ်ရှိလား တကယ်ပဲသူကအပြစ်မဲ့တဲ့လူငါးယောက်ကိုသတ်ခဲ့တာလား ဘာလို့သတ်တာလဲဆိုတာတွေကိုတော့ ………..

Jack Reacher ဇာတ်ကားဟာ မြောက်အမေရိကမှာ $80.1million အခြားနိုင်ငံတွေမှာ$ 138.3million နဲ့အတူ Total worldwide $218.3million ၀င်ငွေရရှိခဲ့ပါတယ်. ဒီဇာတ်ကားအတွက်သူတို့သုံးခဲ့တဲ့ငွေကတော့ $60ပဲဖြစ်ပါတယ်.ရင်ငွေထက်သုံးဆကျော်ပြန်ရရှိခဲ့တယ်ပေါ့ဗျာ

Jack reacher ဇာတ်ကားဟာ 2005 တုန်းက ထွက်ခဲ့တဲ့ Lee Child ရဲ့ one shot ဆိုတဲ့ novel ကိုပြန်ရိုက်ထားတာပါ Jack reacher ရဲ့ sequel ဖြစ်တဲ့ Jack Reacher : Never Go Back ကိုတော့ october 21 ရက်နေ့ကစပြီး နိုင်ငံတကာမှာ ရုံတင်နေပါပြီ

Jack Reacher ဇာတ်ကားဟာ IMDB မှာဆိုရင်ဖြင့် 7/10 အထိရထားပြီး rotten tomatoes မှာတော့ 62% ရရှိထားလို့ rating ကောင်းတယ်ဆိုရပါမယ်
သရုပ်ဆောင်တွေအနေနဲ့ကတော့ Jack reacher အဖြစ် mission imposisble,edge of tomorrow,war of the worlds တို့လိုဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ Tom Cruise က သရုပ်ဆောင်ထားပြီး Helen Rodin အဖြစ် Rosamund Pike နဲ့ James barr အဖြစ် Joseph Sikora တို့ကသရုပ်ဆောင်ထားပါတယ်.Director ကတော့ Christopher McQuarrie ပါ
Jack Reacher ဟာ action thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။

(ရုပ်ရှင်အညွှန်းကို Aung Kyaw Myat’s FB မှကူးယူဖော်ပြပါသည်။)

pCloudမှဒေါင်းရန်360P( 520mb) >> http://adf.ly/1hM0Lx
pCloudမှဒေါင်းရန်720P( 1000mb) >> http://adf.ly/1hM0SA

credit-www.channelmyanmar.com