စက်တင်ဘာ ၃၀ ရက်နေ့ကမှ စတင်ရုံတင်ခဲ့တဲ့ Operation Mekong ဟာ imdb (၇.၁) ရရှိထားသလို လက်တလော Chinese box office မှာတော့ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ၂၀၁၆ အတွက် အက်ရှင်ကားကောင်းအဖြစ်ကော၊ ရုံဝင်မှုအကောင်းဆုံးမှာပါ ထိပ်တန်းအဆင့်အဖြစ် မှတ်တမ်းကောင်းရရှိခဲ့ပါပြီ။
မဲခေါင်ဆိုတာ အရှေ့တောင်အာရှရဲ့ နာမည်ကြီး မြစ်တစ်စင်းပါ
တရုတ်ကနေမြစ်ဖျားခံပြီး လာအို မြန်မာ ထိုင်း ကမ္ဘောဒီးယား ဗီယက်နမ် ဆိုတဲ့ နိုင်ငံတွေကိုဖြတ်သန်းစီးဆင်းနေတဲ့ ဒီမြစ်ဟာ မြစ်ကြောင်းရှည်လျားသလို ပြဿနာအရှုပ်အရှင်းတွေကလည်း ရေးမဆုံးအောင် ရှည်လျားရှုပ်ထွေးပါတယ်
၂၀၁၁ အောက်တိုဘာ ၅ ရက်နေ့မနက်ခင်းမှာ ထိုင်းမြန်မာနယ်စပ်အနီး မဲခေါင်မြစ်အတွင်း ခုတ်မောင်းနေတဲ့ ဟွာပင်းနဲ့ ယူရှင်း ၈ ဆိုတဲ့ကုန်သဘောင်္နှစ်စင်းစီးနင်းခံရပါတယ်
အခြားမျက်မြင်သက်သေလှေတစ်စင်းရဲ့ထွက်ချက်အရ မြန်မာပိုင်နက်အတွင်းမှာဖြစ်ပြီး စီးနင်းတိုက်ခိုက်သူရှစ်ဦးလို့ သတင်းထုတ်ပြန်ပါတယ်
စီးနင်းမှုဖြစ်အပြီးထိုင်းမြစ်ကြောင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှာတော့ အက်ဖီတမင်းဆေးပြား ၉၀၀,၀၀၀ (အမေရိကန်ဒေါ်လာ သုံးသန်းဖိုးခန့်) ရေယာဉ်တွေပေါ်မှာတွေ့ခဲ့ရတယ်
စီးနင်းခံရေယာဉ်နှစ်စီးက သဘောင်္သား ၁၃ ဦးကိုတော့ နောက်ပိုင်းမှ မြစ်တွင်းမှာပဲ အလောင်းရှာတွေ့ခဲ့ရတယ်
ချက်ချင်းပဲ တရုတ်အစိုးရက မဲခေါင်မြစ်အတွင်း တရုတ်ကုန်စည်ဖောက်ကားမှုနဲ့ပတ်သက်တဲ့ ရေကြောင်းသွားလာမှုတွေကို တားမြစ်လိုက်ပြီး
မြန်မာ ထိုင်း လာအို သုံးနိုင်ငံက တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး မြစ်ကြောင်းတစ်လျှောက် ကင်းလှည့်ပေးဖို့တောင်းဆိုခဲ့ပါတယ်
စုံစမ်းမှုတွေအပြီးမှာ ရေယာဉ်ပေါ်မှာတွေ့ရတဲ့ ဆေးတွေက ရေယာဉ်ပိုင်ပစ္စည်းမဟုတ်ပဲ စီးနင်းသူတွေက အတင်းအကြပ်ပို့ဆောင်ပေးရန်စေခိုင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်(လူကိုသတ်သွားပြီး ပစ္စည်းကျပြန်ယူမသွားဘူးဆိုတော့ ဆန်းတော့ဆန်းသား)
အကြမ်းဖက်စီးနင်းမှုနဲ့ အပြစ်မဲ့သဘောင်္သားများ အသတ်ခံရမှုမှာ နောက်ကွယ်ကကြိုးကိုင်သူဟာ နော်ခမ်းဖြစ်တယ်လို့ စုံစမ်းသူတွေက အခိုင်အမာဆိုပါတယ်
(ဟုတ်ပါတယ် နော်ခမ်းဆိုတာက facebook မှာ နာမည်ကြီးခဲ့တဲ့ နော်ခမ်းပါပဲ)
နော်ခမ်းဟာ ရှမ်းဗမာကပြားဖြစ်ပြီး ရွှေတြိဂံလို့ခေါ်တဲ့ အမဲရောင်နယ်မြေက မူးယစ်ရာဇာတစ်ဦးလို့ သတ်မှတ်ကြပါတယ်
ဘိန်းဘုရင်ခွန်ဆာရဲ့ လူရင်းတစ်ဦးဆိုလည်းမမှားပါဘူး
(wiki ကနော်ခမ်းကို ၂၀၁၂ ဧပြီမှာ လာအိုတပ်ဖွဲ့ကဖမ်းဆီးမိပြီး တရုတ်ကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုထားပေမယ့်)
ဒီဇာတ်လမ်းမှာတော့ တရုတ်အထူးတပ်ဖွဲ့ရဲ့ မူးယစ်ရာဇာတစ်ယောက်ကို ထောက်လှမ်းခဲ့ပုံ၊ ဥပဒေဘောင်အပြင်က ထိတ်ထိတ်ကြဲရာဇဝတ်ကောင်တွေနဲ့ ဥပဒေဘက်တော်သားတို့ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲပုံတွေကို ရင်သပ်ရှုမောဖွယ်ရာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်
(ဇာတ်လမ်းကတော့ ပေါက်ချက်ပဲ တရုတ်မှာ ဝင်ငွေအကောင်းဆုံးကားစာရင်းထဲတောင်ဝင်သွားသေးတယ်)
သမိုင်းနောက်ခံအဖြစ်မှန်တွေ တရားမျှတမှု လူ့အခွင့်အရေးစတဲ့ အရာတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင် နော်ခမ်းရဲ့အမှုဟာ မေးခွန်းထုတ်စရာများစွာရှိနေခဲ့ပေမယ့် ဒီကားကတော့ လက်မလွတ်တမ်းကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားဆိုတာကတော့ အသေအချာပါပဲ
pCloudမှဒေါင်းရန်720P( 808mb) >> http://adf.ly/1hLywl
No comments:
Post a Comment