The End of the Beginning (2013) မြန်မာစာတန်းထိုး

ဒီဇာတ်ကားကတော့ လာမဲ့အနာဂတ်ကာလမှာ ကမ္ဘာကြီးဟာ
အနောက်ခြမ်းနဲ့အရှေ့ခြမ်းဆိုပြီး  အာဏာပြိုင်ရင်း နှစ်
ခြမ်း ကွဲသွားပြီးတဲ့နောက်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံကြား
သူလျှိတွေ အသီးသီးလွှတ်ပြီးတိုက်ခိုက်ကြတဲ့ ခေတ်ကြိုသိပ္ပံ
သူလျှိုဇာတ်ကားလေးပါ။

သူလျှိုမလေး Mirine (009-1) ဟာ ကမ္ဘာအနောက်ခြမ်းက
သူသားတစ်ဝက် စက်ရုပ်တစ်ဝက်   အေးဂျင့်တစ်ယောက်ပါ။ သူမဟာ
အနောက်ခြမ်းနဲ့ အရှေ့ခြမ်းကြားက နယ်နိမိတ်နိုင်ငံ
ဖြစ်တဲ့ J နိုင်ငံထဲကို ခိုးဝင်ပြီးတော့ လူ့အင်္ဂါ အစိတ်အပိုင်း
တွေကို မှောင်ခိုရောင်းချနေတဲ့  ဂိုဏ်းကို စုံစမ်းရတဲ့
တာဝန်ကို ပေးအပ်ခြင်းခံရပါတယ်။ သူမဟာ မှောင်ခိုဂိုဏ်းကို စုံစမ်းရင်း
ကမ္ဘာ့အရှေ့ခြမ်းဆီက ဒုက္ခသည် ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။

ကောင်လေးကို သူမက Chris လို့ နာမည်ပေးခဲ့ပြီး
ကျွမ်းဝင်ခဲ့တဲ့နောက်မှာတော့   သူမတစ်ပိုင်းတစ်စ မှတ်မိနေသး
တဲ့ သူမရဲ့ မိသားစုအကြောင်းကို  သိချင်စိတ်တွေ များလာခဲ့တယ်။

သူမဟာ ငယ်ငယ်လေးကတည်းက မိသားစုနဲ့ အခွဲခံခဲ့ရပြီး
သူလျှိုအဖြစ် လေ့ကျင့်ခံခဲ့ရပါတယ်။ အဖျက်ခံခဲ့ရတဲ့ သူမမှတ်ဥာဏ်တွေအတွက်
သူမအတိတ်ကို ပြန်လည်ရှာဖွေဖို့ ကြိုးစားရင်း အခက်အခဲအမျိုးမျိုး
ပြောင်းလဲခြင်းအမျိုးမျိုးကို အန်တုကာ ပျက်ဆီးနေတဲ့ကမ္ဘာကြီးကို
သူမ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူမအတိတ်မှတ်ဥာဏ်အတွက် သူမရှင်သန်နေတဲ့ ကမ္ဘာကြီးအတွက်
ဘာတွေဘယ်လို တိုက်ခိုက်အန်တုရင်း   ဘယ်လို ဆက်လက်ရှင်သန်သွားမယ်ဆိုတာကို
ကိုယ်တိုင် ကြည့်ကြည့်မှ သိမှာပါနော်။

လူသားစက်ရုပ်ကားဖြစ်ပေမယ့် မိသားစုမေတ္တာ၊  သူငယ်ချင်းမေတ္တာ
တွေနဲ့ ဇာတ်အိမ်  တည်ထားတာမို့ ပရိသတ်ရင်ကို
ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ။
မှတ်ချက်။ ။ 009-1 ဟာ ခေတ်ကြိုသိပ္ပံကားဖြစ်တဲ့အတွက် 18+အခန်းတွေနဲနဲပါသလို
၊ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းတွေကလည်း  သွေးသံတရဲရဲနဲ့မို့
အရွယ်မရောက်သေးတဲ့ လူငယ်လေးတွေ မကြည့်သင့်ပါဘူးရှင့် 


credit-goldchannel

No comments:

Post a Comment