Theri ဆိုတဲ့တမီလ် ဘာသာစကား ခေါင်းစဉ်လို အစိတ်စိတ်အမြွာမြွာ ကွဲထွက်မနေတဲ့ Theri ရဲ့ ဇါတ်ကြောင်းဟာ.. Hollywood ရဲ့ မင်းသားကြီး Liam Neeson ပါဝင်တဲ့ Taken movie sequel နဲ့ ယောင်ယောင်လေး တူပါတယ်။ အဓိက ကွဲပြားတာကတော့ Theri က Drama နဲ့ Action ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့အပြင်... ရသမျိုးစုံပေးစွမ်းနိုင်အောင် ကြိုးစားထားတဲ့အတွက် အရှေ့တိုင်းရဲ့ Action ဇါတ်ကားတစ်ကား အထူးသဖြင့် တမီလ် ရုပ်ရှင်တွေထဲမှာ အတော်ကြီးကို အဆင့်အတန်းမြင့် တန်းဝင်တဲ့ Movie တစ်ခု အဖြစ် စာရင်းတို့ထားရမှာဖြစ်ပါတယ်။ အာဏာရှင် ဆန်ဆန် လူတစ်စုကြောင့် မိသားစုဝင်အတော်များများနဲ့ သေကွဲကွဲခဲ့ရတဲ့ ရဲအရာရှိတစ်ယောက်ဟာ... အသက်လိုချစ်ရတဲ့ သမီးငယ်ကလေးဆီကို အန္တရာယ် ကျရောက်လာတဲ့အခါ... သက်စွန့်ဆံဖျား ကြိုးစားကာကွယ်ရင်းက... အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်တဲ့ အရိပ်မည်းတစ်ချို့ထည့်ပေါင်းပြီး သွေးကြွေး၊ ရန်ငြိုး၊ ကလဲ့စားတွေနဲ့ .. မီးဟုန်းဟုန်းတောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ ရိုးသားကြိုးစားတဲ့ အရာရှိကောာင်းတစ်ယောက်ဘ၀ကနေ.. ဒုစရိုက်လောကထဲကို ခြေစုံပစ်ဝင်ပြီး မွှေနှောက်ထိုးဖောက်ဝင်ရောက်လာတဲ့.. ခပ်ကြမ်းကြမ်း လူတစ်ယောက်အဖြစ် မင်းသား Joseph Vijay ကို စိတ်အားရကျေနပ်စရာ ရှုစားကြရမှာဖြစ်ပါတယ်။ ကြည့်ရှုခဲ့ဖူးသမျှ Tamil Action Drama ဇါတ်ကားတွေထဲမှာ.. Theri ကတော့ဖြင့်... .. ပရိသတ်ကြီးအတွက် စိတ်နှစ်ပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ Movie ဖြစ်တယ်လို့ ... ညွှန်းဆိုပေးချင်ပါတယ်ခင်ဗျာ။
pCloudမှဒေါင်းရန်360P( 431mb) >> http://adf.ly/1g52gV
pCloudမှဒေါင်းရန်720P( 968mb) >> http://adf.ly/1g52lx
credit-goldchannel
No comments:
Post a Comment