Deepwater Horizon(2016)မြန်မာစာတန်းထိုး

Imdb 7.4/10 အထိရရှိထားပြီး ဆုများစွာ သိမ်းပိုက်ထားတဲ့ Action,Drama ကားကောင်းလေးပါ...

ဒီတစ်ပတ်တော့ ပရိသတ်တွေ ကြည့်ဖို့ ညွှန်းပေးချင်တဲ့ ဇာတ် ကားလေးကတော့ Deepwater Horizon ပါ။ ၂၀၁၀ ပြည့်နှစ်တုန်း က ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံရိုက်ကူးထားတဲ့ သဘာဝ ဘေးအန္တရာယ် သည်းထိတ်ရင်ဖို၊ အတ္ထုပ္ပတ္တိဇာတ်ကားမို့ ပရိသတ် တွေ သဘောကျမယ် ထင်ပါ တယ်။

ဇာတ်အိမ်တည်ထားတဲ့ အဓိက အကြောင်းအရာကတော့ အမေရိကန်သမိုင်းမှာ အဆိုးရွား ဆုံး ရေနံယိုဖိတ်မှုဖြစ်ခဲ့တာ ဖြစ် ပါတယ်။ အချိန်ကာလအားဖြင့် ၂၀၁၀ ပြည့်နှစ် ဧပြီမှာ မက္ကဆီကို ပင်လယ်ကွေ့မှာရှိတဲ့ ကမ်းလွန် ရေနံတူးဖော်နေတဲ့နေရာမှာ စက် ပစ္စည်း ချို့ယွင်းကာ ရေနံတွေ ထိန်းမနိုင်လောက်အောင် စိမ့် ထွက်လာပါတော့တယ်။

ရေနံတွင်း ချို့ယွင်းပြီး ရေနံ တွေ စိမ့်ထွက်မှုဟာ ၈၇ ရက် လောက်ကြာမြင့်ပြီး မက္ကဆီကိုပင် လယ်ကွေ့ထဲကို ရေနံဂါလန် သန်း၂၁၀ လောက် ယိုဖိတ်ခဲ့ပါတော့ တယ်။ နောက်တော့ ထိန်းချုပ်မရ တဲ့အနေအထားမှာ ပေါက်ကွဲပြီး မီးလောင်ကာ ရေနံလုပ်သား ၁၁ ယောက် အသက်ပေးလိုက်ရပါ တယ်။

တကယ့်ကို လူမနီး၊ သူမနီး ပင်လယ်ပြင်မှာ အသက်ကိုပေး ဆပ်ပြီး အလုပ်လုပ်နေကြတဲ့ ရေနံ လုပ်သားတွေရဲ့ ဘဝနဲ့ အန္တရာယ်ကြုံရတဲ့အခါ ဆုံးရှုံးနစ်နာမှုတွေ၊ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှု စတာတွေ၊ ကမ်းလွန်ရေနံလုပ်ကွက်တင်သာမက အဲဒီမှာ လုပ်ကိုင်နေသူတွေရဲ့ မိသားစု ဘဝတွေကိုပါ စိတ်ဝင်စားဖို့ ကောင်းအောင် ချိတ်ဆက်တင် ဆက်ထားကာ ပရိသတ်တွေမြည်းစမ်းကြည့်ဖို့  ညွှန်းပေးလိုက်ပါ တယ်။

 ဒီဇာတ်ကားထဲမှာ ပါဝင် ထားသူတွေက မာ့ခ်ဝါလ်ဘာ့ဂ်၊ ကက်ရက်ဆဲလ်၊ ဂျွန်မာလ်ကို ဗစ်ခ်ျ၊ ဂျီနာရော့ဒရီဂက်စ်တို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရုပ် ရှင်ရုံတွေမှာလည်း ရုံတင်နေပြီမို့ ပရိသတ်တွေ ကိုယ်တိုင် ခံစား ကြည့်ရှုလိုက်ပါဦးလို့။


pCloudမှဒေါင်းရန်720P( 766mb) >> http://adf.ly/1hFTta

credit-goldchannel

No comments:

Post a Comment