ခုတောင်ပြေးသွားလိုက်ချင်သေးရဲ့။ ဒါပေမယ့် စည်းမျဉ်းတစ်ခုတော့ရှိတယ်။ အဲဒါကတော့ ချိန်းကြိုးတို့၊ ကြာပွတ်တို့၊ ဂေါ်လီတို့လို အရာတွေ အသုံးပြုပြီး slave ဆန်စွာ
သာယာမှုရှာဖွေနည်းဖြစ်တဲ့ BDSM လေ့ကျင့်ခန်းတွေနဲ့တော့ ရင်းနှီးမှရမယ်။ Fifty Shades of Gray ကို ကြည့်ဖူးထားရင် ဒါမျိုးက အဆန်းတော့မဟုတ်ပါဘူး။
Pool Boys ဟာ ရင်ဖိုလှိုက်မောဖွယ်ရာ BDSM အခန်းတွေကို ဟာသနှောပြီး ရိုက်ထားတာဖြစ်လို့ မိသားစုနဲ့ ကြည့်ဖို့တော့ လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး။
လူငယ်ဆန်ဆန် ခပ်ကြမ်းကြမ်းဟာသတွေကို အူနာအောင် ဖန်တီးတတ်တဲ့ From the creators of American Pie ဆိုတော့ pie fan တွေအတွက် တစ်မျိုးဆန်းမှာ
အသေအချာပါပဲ။ ကြည့်ရင်းနဲ့ ရေကူးကန်လေးဘာလေးသွားချင်စိတ်ပေါက်လာရင်လည်း အချင်းချင်းလက်တို့လိုက်ကြပေါ့ဗျာ။ သူတို့လုပ်ပြသလို ကိုယ့်ဘာသာ
အဆန်းထွင်လုပ်ကြည့်လို့ တစ်ခုခုဖြစ်ရင်တော့ တာဝန်မယူဘူးနော်။
ထူးချွန်တဲ့ ကျောင်းသားလေး အဲလက်စ်က ဟားဗစ်တက္ကသိုလ်ကြီးကို သွားတက်ရမယ့်သူပါ။ ၀ါရှင်တန်မြို့မှာ ရေလုပ်ငန်းအင်ဂျင်နီယာလို့ဆိုတဲ့
သူ့အစ်ကို ရော်ဂျာက အလုပ်တစ်ခုပေးမယ်ဆိုလို့ စကောလားရှစ်အတွက် အထောက်အကူ ရလိုရငြား လိုက်လာခဲ့ပါတယ်။ ဟိုရောက်တော့မှ ရော်ဂျာက
ဗေးဘာလီဟေးစ်က ရေကူးကန်လုပ်သားတစ်ဦးဖြစ်နေတာကို သိပြီး ကမောက်ကမဖြစ်ကုန်တယ်။ ဒီအချိန်မှာပဲ အိမ်ကြီးရှင်တစ်ယောက်က ခြောက်ပတ်ကြာ
ခရီးရှည်ထွက်မယ့်အကြောင်း ရော်ဂျာသိသွားတဲ့အခါ ရေကူးကန်တစ်ခု အကြောင်းပြုပြီး BDSM ကလပ်တစ်ခုဖွင့်ကာ အမြတ်ထုတ်ဖို့ သူ့ညီကို
ဆွယ်တရားဟောပါတော့တယ်။ ရော်ဂျာက လူပျိုပေါက် သူ့ညီကို ဘယ်လိုအရာတွေနဲ့ ဘယ်နည်းတွေကို သုံးပြီး ဆွဲဆောင်သိမ်းသွင်းမှာလဲဆိုတာကို
ရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။
No comments:
Post a Comment