ဆေးခြောက်ကို ဖြတ်မရအောင် အင်မတန်စွဲလမ်းနေတဲ့ leah ဟာ ဆေးခြောက်ရဖို့အတွက်ဆို ရရာနည်းလမ်းနဲ့ ဘာမဆိုလုပ်တတ်သူပါ။ ဒီလိုနဲ့ ဆေးခြောက်ဝယ်ဖို့စုံစမ်းရင်း
blue ဆိုတဲ့ကောင်လေးနဲ့သိကျွမ်းခဲ့ပါတယ်။ blue ဆီမှာ ဆေးခြောက်မှုန့် တွေ ရှိတာသိတော့  leah က Chinatown က ကလပ်တခုမှာ သွားရောင်းဖို့ အကြံပေးပါတယ်။ အဲဒီလိုနဲ့
အချိန်တွေကြာတဲ့အခါမှာ blue နဲ့ leah တို့  ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ လူသားပီပီ လောဘတက်ပြီး ငွေနောက်လိုက်ကာ အမှန်တရားကိုမမြင်တဲ့ blue တစ်ယောက် Lyold
ဆိုတဲ့လူဆီမှာ ဆေးခြောက်ထပ်သွားယူပြီးရာင်းဖို့  စီစဉ်နေတုန်းမှာပဲအဖမ်းခံခဲ့ရပါတယ်။ တတိယအကြိမ်မြောက် အဖမ်းခံရတဲ့ blue က ကောင်မလေးကြောင့် ထွက်ပြေးဖို့ 
မကြိုးစားခဲ့ပါဘူးး။ leah ဟာ သူ့ကောင်လေး ထောင်မကျစေရန် ရှေ့နေစရိတ်ကိုလည်းရှာပေးခဲ့ပါတယ်။ ကံမကောင်းချင်တော့ leah ရဲ့ သူဌေး က သူရှာဖွေထားတဲ့
ပိုက်ဆံတွေကို ဆေးခြောက်သုံးပြီး leah ဆီက အမြတ်ထုတ်ယူလိုက်တဲ့အခါ leah တစ်ယောက် blue လွတ်မြောက်ရန် ဘယ်လိုကြိုးစားမလဲ blue ရဲ့ အချစ်တွေကြောင့်
leah ဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ပရိသတ်များဆက်လက်စောင့်ကြည့်ရမှာပါ ။
No comments:
Post a Comment