Revolt (2017) မြန်မာစာတမ်းထိုး

ဂြိုလ်သားတွေ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်ပြီး လာလာတိုက်ကြတာ တော်တော်များနေပါပြီ။ ပုံစံတွေလည်း စုံလှပြီ။ ၂၀၁၇ ခုနှစ် ဂျူလိုင်
၁၆ ရက်မှာ ထွက်ရှိလာတဲ့ ကမ္ဘာမြေ VS ဂြိုလ်သား ရုပ်ရှင် Revolt (2017) ဟာ သိပ္ပံအက်ရှင်ကားကောင်းကောင်း မျှော်နေတဲ့သူတွေရဲ့ ဆန္ဒကို
ပြည့်ဝစေပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်လာတဲ့ ဂြိုလ်သားစစ်တပ်ကို ပြန်ခုခံတိုက်ခိုက်ရတဲ့အကြောင်းပါပဲ။
ကမ္ဘာမြေအနှံ့အပြားကို ဂြိုလ်သားတွေ တပ်နဲ့ချီပြီး တစ်ချိန်တည်း လာတိုက်ကြတာ ဖြစ်လို့ နိုင်ငံငယ်ကလေးတွေ ပျောက်ကုန်ပြီး
လူသားတွေလည်း အစုလိုက် အပြုံလိုက် အသတ်ဖြတ်ခံနေရပါတယ်။ တစ်ကမ္ဘာလုံးဖြစ်ပွားတာမို့လို့ နိုင်ငံကြီးတွေလောက်သာ ကျန်ပေမယ့်
အန္တရာယ်များလှတဲ့အတွက် လူသားတွေလည်း အကွဲကွဲ အပြားပြား ထွက်ပြေးနေကြရတယ်။ ဒီအချိန် စစ်ဘေးဒဏ်ခံနေရတဲ့ အာဖရိကတောရွာကလေးတစ်ခုမှာ အမေရိကန်စစ်သားတစ်ယောက်နဲ့ ပြင်သစ်တပ်က ဆေးအကူတပ်သူတစ်ယောက်တို့ ဆုံမိကြပြီး နှစ်ယောက်ပေါင်းကာ အသက်ရှင်ဖို့ ရုန်းကန်ကြရပါတယ်။ ဒီအခါ ဒုက္ခသည်နှစ်ယောက်ရဲ့ ချည်နှောင်မှုဟာ ကမ္ဘာပျက်ကပ်ကြားမှာ အစမ်းသပ်ခံရတော့မယ့် အနေအထား ဖြစ်လာပါတော့တယ်။ ခေါင်းဆောင်ပါဝင်ထားတာကတော့ Guardians of the Galaxy မှာ ရိုနန်အဖြစ် တစ်မျိုး၊ LOTR, The Hobbit မှာ နတ်ဘုရင်ကြီး သရန်ဒွေးလ်အဖြစ်တစ်ဖုံ၊ The Twilight Saga : Breaking Dwan part 2 မှာ ဖုတ်ကောင် ဂါးရတ်အဖြစ် တစ်နည်း သရုပ်ဆောင်ကောင်းခဲ့တဲ့ လီပေ့စ်ပါပဲ။


credit-goldchannel

No comments:

Post a Comment