Pool Boys (2009) (18+) မြန်မာစာတန်းထိုး

ဘီယာတွေ အရက်တွေလည်း အလျှံပါယ်ပါမယ်။ Two Piece ပဲဝတ်ထားတဲ့ မိန်းမလှလေးတစ်သိုက်ကလည်း ရေကူးကန်ထဲမှာ ကိုယ်နဲ့ ကစားဖို့ စောင့်နေမယ်ဆိုလို့ကတော့
ခုတောင်ပြေးသွားလိုက်ချင်သေးရဲ့။ ဒါပေမယ့် စည်းမျဉ်းတစ်ခုတော့ရှိတယ်။ အဲဒါကတော့ ချိန်းကြိုးတို့၊ ကြာပွတ်တို့၊ ဂေါ်လီတို့လို အရာတွေ အသုံးပြုပြီး slave ဆန်စွာ
သာယာမှုရှာဖွေနည်းဖြစ်တဲ့ BDSM လေ့ကျင့်ခန်းတွေနဲ့တော့ ရင်းနှီးမှရမယ်။ Fifty Shades of Gray ကို ကြည့်ဖူးထားရင် ဒါမျိုးက အဆန်းတော့မဟုတ်ပါဘူး။
Pool Boys ဟာ ရင်ဖိုလှိုက်မောဖွယ်ရာ BDSM အခန်းတွေကို ဟာသနှောပြီး ရိုက်ထားတာဖြစ်လို့ မိသားစုနဲ့ ကြည့်ဖို့တော့ လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး။
လူငယ်ဆန်ဆန် ခပ်ကြမ်းကြမ်းဟာသတွေကို အူနာအောင် ဖန်တီးတတ်တဲ့ From the creators of American Pie ဆိုတော့ pie fan တွေအတွက် တစ်မျိုးဆန်းမှာ
အသေအချာပါပဲ။ ကြည့်ရင်းနဲ့ ရေကူးကန်လေးဘာလေးသွားချင်စိတ်ပေါက်လာရင်လည်း အချင်းချင်းလက်တို့လိုက်ကြပေါ့ဗျာ။ သူတို့လုပ်ပြသလို ကိုယ့်ဘာသာ
 အဆန်းထွင်လုပ်ကြည့်လို့ တစ်ခုခုဖြစ်ရင်တော့ တာဝန်မယူဘူးနော်။
ထူးချွန်တဲ့ ကျောင်းသားလေး အဲလက်စ်က ဟားဗစ်တက္ကသိုလ်ကြီးကို သွားတက်ရမယ့်သူပါ။ ၀ါရှင်တန်မြို့မှာ  ရေလုပ်ငန်းအင်ဂျင်နီယာလို့ဆိုတဲ့
သူ့အစ်ကို ရော်ဂျာက အလုပ်တစ်ခုပေးမယ်ဆိုလို့ စကောလားရှစ်အတွက် အထောက်အကူ ရလိုရငြား လိုက်လာခဲ့ပါတယ်။ ဟိုရောက်တော့မှ ရော်ဂျာက
ဗေးဘာလီဟေးစ်က ရေကူးကန်လုပ်သားတစ်ဦးဖြစ်နေတာကို သိပြီး ကမောက်ကမဖြစ်ကုန်တယ်။ ဒီအချိန်မှာပဲ အိမ်ကြီးရှင်တစ်ယောက်က ခြောက်ပတ်ကြာ
 ခရီးရှည်ထွက်မယ့်အကြောင်း ရော်ဂျာသိသွားတဲ့အခါ ရေကူးကန်တစ်ခု အကြောင်းပြုပြီး BDSM ကလပ်တစ်ခုဖွင့်ကာ အမြတ်ထုတ်ဖို့ သူ့ညီကို
ဆွယ်တရားဟောပါတော့တယ်။ ရော်ဂျာက လူပျိုပေါက် သူ့ညီကို ဘယ်လိုအရာတွေနဲ့ ဘယ်နည်းတွေကို သုံးပြီး ဆွဲဆောင်သိမ်းသွင်းမှာလဲဆိုတာကို
ရင်ခုန်စွာ ကြည့်လိုက်ကြရအောင်ဗျာ။


pCloudမှဒေါင်းရန်720P( 630mb) >> http://adf.ly/1grWK1

credit-goldchannel

28 Hotel Romms(18+) မြန်မာစာတန်းထိုး

နယူးယောက်မြို့က စာရေးဆရာပေါက်စ တစ်ယောက်ဟာ သူရဲ့ ပထမဆုံး စာအုပ်ကို ပုံနှိပ်ရိုက်ရင်း မိန်းမလေးတစ်ယောက်နဲ့ တွေ့ကာ ချစ်ကြိုက်မိပါတော့တယ် ဒီလိုနဲ့
သူတို့ဟာ ဟိုတယ် ကြီးရဲ့ အခန်းတွေမှာတစ်ခန်းပြီးတစ်ခန်း ငှားကာ date လုပ်ပြီး တွေ့ဖို့လုပ်ကြပါတော့တယ် စာရေးဆရာလေးရဲ့ စာအုပ်ဟာ လည်း ရောင်းအားအကောင်းဆုံး
စာအုပ်စာရင်းဝင်လည်းဖြစ်လာခဲ့ပါတော့တယ် ဒါပေမဲ့ ကံဆိုးချင်တော့ ကောင်မလေးဟာ အိမ်နဲ့သူ့ပတ်ဝန်းကျင်ကြောင့်ပါ တစ်ခြားကောင်လေးတစ်ယောက်နဲ့
လက်ထပ်လိုက်ရတော့တာပါ ဒါပေမဲ့ သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့အတွက် ဒုက္ခတွေကိုဖြတ်ကျော်ကာ အဆက်မပြတ်ဖို့ ကြိုးစားကြရင်းနဲ့ hotel ရဲ့
ငှားခဲ့တဲ့ အခန်း ၂၈ ခန်းမြောက်မှာ ဘာတွေဖြစ်လာခဲ့လဲဆိုတာကတော့....
ဒီကားလေးဟာ 18+ ကားလေးဖြစ်ပေမဲ့ drama ရသတွေကိုပါ အပြည့်အဝထည့်ပေးထားတာမို့ လုံးဝရိုးမသွားစေမဲ့ကားလေးလည်းဖြစ်လို့ ကြည့်ရှုကြဖို့တိုက်တွန်းရင်း.......


pCloudမှဒေါင်းရန်720P( 593mb) >> http://adf.ly/1grWGj

credit-goldchannel

Desperado (1995) မြန်မာစာတန်းထိုး



Zorrow မင်းသားကြီး အန်တိုနီယို ဘန်ဒါးရက်စ် တစ်ယောက် ဂစ်တာတစ်လက် သေနတ်တစ်ဖက်ကိုင်ပြီး ကြမ်းခဲ့တဲ့ Desperado ဟာ 90’s Kids တွေအတွက်
အမှတ်ရစရာပါပဲ။ ဆံပင်ရှည်ရှည် ဂျစ်တီးဂျစ်ကန်ရုပ်နဲ့ ညှို့အားပြင်းတဲ့ အကြည့်ပိုင်ရှင် မက္ကစီကန်သား သေနတ်သမားလေးဟာ နှုတ်ခမ်းနီမလေးတွေကြားမှာ
 အတော်လေး ရေပန်းစားခဲ့သလို လူဆိုးတွေနဲ့ သွေးသံရဲရဲ အသေအကြေသတ်ပုတ်ကြတဲ့ အခန်းတွေကလည်း ပီပြင်လှပါတယ်။ တကယ်တော့
ဒီကားဟာ El Mariachi ဆိုတဲ့ ရုပ်ရှင်ရဲ့ အဆက်လို့ပြောရင် ပိုမှန်ပါမယ်။ ပထမကားမှာ နယ်လှည့်ဖျော်ဖြေတဲ့ ဂီတသမားလေးတစ်ယောက်ကို
လူဆိုးတွေက လူမှားပြီး လိုက်သတ်ကြပါတယ်။ သူ အသက်ရှင်ကျန်ခဲ့ပေမယ့် သူ့ချစ်သူကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒီကားမှာတော့
အရင်ဇာတ်လမ်းကို အကျဉ်းချုပ်တင်ပြရင်း လူဆိုးတွေကို လိုက်လံရှာဖွေကာ သူ့ချစ်သူအတွက် ကလဲ့စားချေတဲ့အကြောင်း ဖြစ်ပါတယ်။
 MPAA က ဒီကားကို အိပ်ယာပေါ်က အခန်းတွေကြောင့် အစက NC 17 သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် တချို့အခန်းတွေဟာ
 မိသားစုကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေပါဝင်ပါတယ်လို့ သတိပေးလိုက်ပါရစေ။ ကောင်းဘွိုင်အက်ရှင်ဆန်ပြီး
အကြမ်းပတမ်းပစ်ခတ်သတ်ပုတ်တာတွေ ကြိုက်ရင်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း။

pCloudမှဒေါင်းရန်720P( 748mb) >> http://adf.ly/1grWFN

credit-goldchannel

White Girl (2016) 18+မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းလေးကတော့ ဆေးစွဲနေတဲ့ကောင်မလေးတစ်ယောက်နဲ့ဆေးခြောက်ရောင်းတဲ့ ကောင်လေးတို့နှစ်ယောက်အကြားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
ဆေးခြောက်ကို ဖြတ်မရအောင် အင်မတန်စွဲလမ်းနေတဲ့ leah ဟာ ဆေးခြောက်ရဖို့အတွက်ဆို ရရာနည်းလမ်းနဲ့ ဘာမဆိုလုပ်တတ်သူပါ။ ဒီလိုနဲ့ ဆေးခြောက်ဝယ်ဖို့စုံစမ်းရင်း
blue ဆိုတဲ့ကောင်လေးနဲ့သိကျွမ်းခဲ့ပါတယ်။ blue ဆီမှာ ဆေးခြောက်မှုန့် တွေ ရှိတာသိတော့  leah က Chinatown က ကလပ်တခုမှာ သွားရောင်းဖို့ အကြံပေးပါတယ်။ အဲဒီလိုနဲ့
အချိန်တွေကြာတဲ့အခါမှာ blue နဲ့ leah တို့  ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ လူသားပီပီ လောဘတက်ပြီး ငွေနောက်လိုက်ကာ အမှန်တရားကိုမမြင်တဲ့ blue တစ်ယောက် Lyold
ဆိုတဲ့လူဆီမှာ ဆေးခြောက်ထပ်သွားယူပြီးရာင်းဖို့  စီစဉ်နေတုန်းမှာပဲအဖမ်းခံခဲ့ရပါတယ်။ တတိယအကြိမ်မြောက် အဖမ်းခံရတဲ့ blue က ကောင်မလေးကြောင့် ထွက်ပြေးဖို့ 
မကြိုးစားခဲ့ပါဘူးး။ leah ဟာ သူ့ကောင်လေး ထောင်မကျစေရန် ရှေ့နေစရိတ်ကိုလည်းရှာပေးခဲ့ပါတယ်။ ကံမကောင်းချင်တော့ leah ရဲ့ သူဌေး က သူရှာဖွေထားတဲ့
ပိုက်ဆံတွေကို ဆေးခြောက်သုံးပြီး leah ဆီက အမြတ်ထုတ်ယူလိုက်တဲ့အခါ leah တစ်ယောက် blue လွတ်မြောက်ရန် ဘယ်လိုကြိုးစားမလဲ blue ရဲ့ အချစ်တွေကြောင့်
 leah ဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ပရိသတ်များဆက်လက်စောင့်ကြည့်ရမှာပါ ။

pCloudမှဒေါင်းရန်720P( 645mb) >> http://adf.ly/1grWE9

credit-goldchannel

True Memoirs of an International(2016)မြန်မာစာတန်းထိုး


True Memoirs of an International Assassin (2016) ကားကတော့ ဟာသရော အမိုက်စား အက်ရှင်ခန်းတွေကိုပါ ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးပါ
ဒီဇာတ်ကားမှာဆိုရင် အူကြောင်ကြောင် ကုမ္ပဏီဝန်ထမ်း Sam ဟာဆိုရင် action ဝတ္ထုရေးတာကို အရမ်းရူးသွပ်ပြီး သူ့တစ်ဘဝလုံး ဝတ္ထုတွေရေးနေခဲ့ပေမယ့် ပုံနှိပ်ထုတ်ဝေခြင်း မလုပ်နိုင်တဲ့ စာရေးဆရာတစ်ယောက်ပါ တစ်နေ့မှာ သူ့ရဲ့ နိုင်ငံတကာကြေးစားလူသတ်သမားတစ်ဦး၏ ကိုယ်တွေ့မှတ်တမ်းဆိုတဲ့ စိတ်ကူးယဉ်ဝတ္ထုကို လိုင်းပေါ်မှာ e-book အဖြစ် ထုတ်ဝေပေးမယ့်သူ ပေါ်လာခဲ့ပါတယ် ဒါပေမယ့် တကယ်တမ်းသူ့စာအုပ် လိုင်းပေါ်ရောက်တဲ့အခါမှာတော့ ဖြစ်ရပ်မှန်ဆိုတဲ့ စကားလုံးတစ်လုံးအပိုပါလာပြီး မထင်မှတ်လောက်အောင် ရောင်းအားကောင်းတဲ့စာအုပ်ဖြစ်သွားပါတယ်
တခြားတစ်ဖက်မှာ ဒီစာအုပ်ကြောင့် သူ့ကိုခြိမ်းခြောက်ပြီး ကြေးစားလုပ်ခိုင်းချင်တဲ့ နိုင်ငံရေးသမားတွေ မူးယစ်ရာဇာတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရတဲ့အခါမှာတော့ Sam တစ်ယောက် သူ့စာအုပ်ထဲက တကယ့် ပရော်ဖက်ရှင်နယ် ကြေးစားအဖြစ် ဘယ်လိုဖြေရှင်းမလဲဆိုတာ ဟာသမြောက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြည့်ရှုခံစားနိုင်ဖို့တင်ဆက်လိုက်ပါတယ်

pCloudမှဒေါင်းရန်720P( 702mb) >> http://adf.ly/1gq5EI

credit-goldchannel

Morgan (2016) မြန်​မာစာတန်းထိုး

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ Scifi thriller Fan ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ

ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့.......

ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။

ဒါရိုက်​တာ Luke Scott (ဒါရိုက်​တာကြီး Rideley Scott ရဲ့ သား၊ ဒါရိုက်​တာကြီး Tony Scott ရဲ့ တူ) ရဲ့ ပထမဆုံး ရုပ်​ရှင်​ဇာတ်​ကားကြီးဖြစ်​သလို မတူညီတဲ့ ​နေရာနှစ်​ခုက မတူညီတဲ့ လူသစ်​နှစ်​​ယောက်​ရဲ့လက်​ရာကို ခံစား​ဝေဖန်​ကြည့်​ချင်​ပါတယ်​ ဆိုရင်​ဖြင့်​ ......


pCloudမှဒေါင်းရန်720P( 657mb) >> http://adf.ly/1gq3MJ

credit-goldchannel

Sun Shine (2007) မြန်မာစာတန်းထိုး

2007 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 7.3 တောင်ရရှိခဲ့ပြီး

ဖလင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Motion Picture ရယ် UK Film ရယ် ပထမဆုံး ပူးပေါင်း

ရိုက်ကူးထုပ်လုပ်လိုက်တဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်

၂၀၅၇ ရောက်ရင် ကမ္ဘာကြီးက အေးခဲပြီး နေမင်းကြီးဟာလည်း ပျောက်ကွယ်သွားမယ်လို့

သိပ္ပံပညာရှင်တွေက ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်

အဲ့ဒီ ကြိုတင်ခန့်မှန်းချက်တွေကိုလေ့လာဖို့အတွက် မာကျူရီ

ဂြိုလ်ပတ်လမ်းအတွင်းမှာ သွားရောက်လေ့လာဖို့အတွက် အိုက်ကာရပ်စ် အမှတ်၁

စူးစမ်းလေ့လာရေး ယဉ် ကိုစေလွတ်ခဲ့ရာ အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ပြီး

နော်က ၇နှစ်အကြာမှာ အိုက်ကာရပ်စ် ၂ ကိုစေလွှတ်ရာမှာ စွန်းစားမှုတွေ

ရှာဖွေတွေ့ရှိမှုတွေကို သဲထိပ်ရင်ဖို အသဲ ကျိန်းဖွယ်ရာရိုက်ကူးပြသထားတာပါ

ကဲ အားပေးလိုက်ကြပါအုံးဗျ


pCloudမှဒေါင်းရန်720P( 770mb) >> http://adf.ly/1goi8h

credit-www.channelmyanmar.com

RED (2010) မြန်မာစာတန်းထိုး

မင်္ဂလာပါ  ပရိသတ်ကြီးခင်ဗျာ၊ Drama တွေ အလှည့်ပြီးတဲ့အခါနည်းနည်း စိတ်လှုပ်ရှားစရာ DC Comic လေးတစ်ခုကို ရုပ်ရှင်အသွင်ပြေင်းလဲထားတဲ့ Movie တစ်ခု ကို ခံစားကြည့်ကြရအောင်ပါ၊ မကြာသေးခင်က The Marauders နဲ့ အာသာပြေ ရုံလေး မြင်လိုက်ရတဲ့ မင်းသားကြီး Bruce Willis ရဲ့ ကားဟောင်းလေးတစ်ကားကို ပြန်လည်ရှာဖွေ ထားပါတယ်။ DC Comic တွေရဲ့ ထုံးစံအတိုင်း MI5 တွေ FBI တွေ CID တွေနဲ့ လျှို့ဝှက် operation တွေနဲ့ ခမ်းခမ်းနားနား မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှတဲ့အတွက်ကြောင့် ကြည့်ကောင်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်ခင်ဗျ။
RED ကို ရုပ်ရှင်ချစ်သူတွေရဲ့ ပေတံနဲ့ မတိုင်းမဖြစ်တိုင်းတာပြရမယ်ဆိုရင် Imdb rating 7.1 နဲ့ Rotten Tomatoes 71% အထိ ရရှိထားကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် Best Comedy Awards ကို ဆွတ်ခူးထားသေးတယ်ဆိုတော့ အမြဲ အတည်အခံ့ကြီး သရုပ်ဆောင်တတ်တဲ့ Bruce ရဲ့ Movie က ဘယ်လိုများရီစရာကောင်းနေလို့လဲ ဆိုတာလဲ စိတ်ဝင်စားစရာပါပဲ။ ထားပါတော့.. လောလောဆယ်မှာ RED ရဲ့ plot လေးကို အနည်းငယ်မြည်းစမ်းကြည့်ပေးပါခင်ဗျ။
Frank (Bruce Willi) ဟာ.. အငြိမ်းစား ယူလိုက်ပြီဖြစ်တဲ့.. Black-ops Agent ဟောင်းတစ်ဦးဖြစ်ပါတယ်။ တစ်ကိုယ်တည်း အထီးကျန်စွာနဲ့ ဘ၀ရဲ့ လက်ကျန်အချိန်တွေကို အေးအေးဆေးဆေး ဖြတ်သန်းနေတတ်တဲ့ သူ့အတွက် အဖော်ဆိုလို့ .. အငြိမ်းစားပင်စင် ဌာနက.. Sarah ပဲ ရှိပါတယ်။ အားလပ်ချိန်တွေတိုင်း Sarah ကို ဖုန်းခေါ်ရင်း.. စကားစမြည်ပြောလို့ အလားတူ တစ်ကိုယ်တည်းသမား ဖြစ်တဲ့ Sarah အတွက် မတွေ့ဖူး မမြင်ဖူးတဲ့ Frank ဟာ သူမအတွက် အစစအရာရာ တိုင်ပင်စရာ. သူမ ရူးသွပ်တဲ့ Spy ၀တ္တုတွေအကြောင်း ကို ဒိုင်ခံနားထောင်ပေးစရာ အဖော်မွန်ပါပဲ။ အဲဒီလို သာယာနေတဲ့ သူတို့နှစ်ယောက်ရဲ့ အချိန်လေးတွေ ပျက်စီးသွားခဲ့ ရတာကတော့ Agent ဟောင်းတစ်ဦးဖြစ်တဲ့ Frank ရဲ့ .. အတိတ်က ရန်သူတော်တွေကြောင့်ပဲ ဖြစ်ပါတယ်။ Technology ကျွမ်းကျင်တဲ့ ရန်သူတွေဟာ Frank ရဲ့ အသက်အန္တရာယ်ကို သာမက ဘာတစ်ခုမှ သိပ်သိနားလည်ခြင်းမရှိတဲ့ Sarah ဘက်ကိုပါ မြှားဦးလှည့်လာတဲ့အခါ.. Frank ဟာ Sarah နဲ့ အတူ ရန်သူတွေကို ချေမှုန်းဖို့ အတွက် သူ့ရဲ့ အတိတ်ကာလ တွေဆီကို ခြေဦး ပြန်လှည့်ရပါတော့တယ်။ အတိတ်က သူနဲ့ လက်တွဲဖော် လက်တွဲဖက် သူ့လို.. ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ Agent ဟောင်းတွေကို ပြန်လည်စုစည်းရာက RED ( Retired Extremely Dangerous) ဆိုတဲ့ အနှစ်သာရ ပေါ်လွင်လာတာ ရှုမြင်ခံစားကြရမှာဖြစ်ပါတယ်။ ထေ့လုံး ပြက်လုံးကလေးတွေနဲ့ ပရိသတ်မငြီးငွေ့ရအောင် comedy taste လေး ရောထားတာမို့... ပရိသတ်ကြီး စိတ်တိုင်းကျနိုင်မယ့်ဇါတ်ကားတစ်ကားဖြစ်ပါကြောင်း ကြေငြာ မောင်းခတ်လိုက်ပါတယ်ခင်ဗျာ။


RED (2010) မြန်မာစာတန်းထိုး
pCloudမှဒေါင်းရန်720P( 900mb) >> http://adf.ly/1gbM7E

credit-goldchannel

Inferno 2016 မြန်မာစာတန်းထိုး

ဒီဇာတ်ကားဟာ မင်းသားကြီးတွမ်ဟန့်ရဲ့ နာမည်ကျော် ဒါဗင်ချီကုဒ် နဲ့ Angels and Demons ဇာတ်ကားအပြီးမှာ ထွက်လာတဲ့ ၃ ကားမြောက်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဥာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပြီး လက်ထဲမှာလည်း အစိုးရအဖွဲ့တွေက အသည်းအသန်လိုက်နေတဲ့ ငရဲရဲ့မြေပုံ ပဟေဠိတစ်ခုတွေ့လာတဲ့အခါ…..မှတ်ဥာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်း သဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့…..။

pCloudမှဒေါင်းရန်360P( 497mb) >>  http://adf.ly/1gM24m
pCloudမှဒေါင်းရန်720P( 880mb) >> http://adf.ly/1gM29Z0

credit-www.channelmyanmar.com

The Infiltrator(2016)မြန်မာစာတန်းထိုး

2016 ထွက် IMDB 7.2 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခ၀ါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘ၀၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။


pCloudမှဒေါင်းရန်360P( 455mb) >> http://adf.ly/1gLzi2
pCloudမှဒေါင်းရန်720P( 909mb) >> http://adf.ly/1gLzjI

credit-www.channelmyanmar.com

Defiance (2008) မြန်မာစာတန်းထိုး

မင်္ဂလာပါပရိတ်သတ်ကြီးတို့ရေ ခုတစ်ခါမိတ်ဆက်ပေးမှာကတော့ Defiance  စစ်ကားလေးပဲဖြစ်ပါတယ်
ဒီကားလေးဟာဆိုရင်ဖြင့် January 14 ,2009 ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး လူအများနှစ်ခြိုက်အားပေးမှုကို တစ်ခဲနက်ရခဲ့တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးဟာဆိုရင်
နာစီဝါဒကို အောင်မြင်စွာဖီဆန်တော်လှန်နိုင်ခဲ့တဲ့ "Belarus"ကဂျူးလူမျိုးအုပ်စုတွေရဲ့ဖြစ်ရပ်မှန်ကြေကွဲနာကြည်းဝမ်းနည်းစရာဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးရိုက်ထားတာပဲဖြစ်ပါတယ် ဂျူးလူမျိုးများ၏အနှိမ်ခံ အသတ်ဖြတ်ခံဘဝများမှ လွတ်မြောက်အောင်တောထဲမှာ ပုန်းရှောင်ခဲ့ရသူတို့ရဲ့ အနိုင်မခံအရှုံးမပေး ရွတ်ရွတ်ချွန်ချွန်ကြိုးစား အားထုတ်ထား တာလေးတွေကို အားကျအတုဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် တောထဲမှာပုန်းရှောင်နေရသူ လူနည်းစု ဂျူးလူမျိုး၅၀ခန့်က၄င်းတို့ရဲ့အဖွဲ့ဝင်များထဲမှ အချို့သော ၁၂၀၀ခန့်ကိုဆုံးရှုံးခဲ့ရတဲ့အချိန်မှာ မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်အောင်တောထဲမှနေပြီးတော်လှန်ခဲ့ကြပုံကို ခံစားချက်မျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်   ရင်သပ်ရှုမောဖွယ် ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းပေးလိုက်ရပါတယ်ရှင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်

pCloudမှဒေါင်းရန်720P( 979mb) >> http://adf.ly/1gLzdA

credit-goldchannel

Snowden(2016) မြန်မာစာတန်းထိုး

ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမ၀င်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ၀န်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း မမေ့ပါနဲ့လို့။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို့ official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။

pCloudမှဒေါင်းရန်360P( 480mb) >> http://adf.ly/1gLzZY
pCloudမှဒေါင်းရန်720P( 960mb) >> http://adf.ly/1gM7eR

credit-www.channelmyanmar.com

Naked Soldier (2012) မြန်မာစာတန်းထိုး

ဒီဇာတ်လမ်းလေးထဲမှာတော့ …
အရာရှိလန် (ကွန်ဖူးဖက်တီး) ဟာ ဒေါ်လာသန်းချီတန်တဲ့ မူးယစ်ဆေးဝါးမှုတစ်ခုကို ဖော်ထုတ်ခဲ့ပြီး
တစ်လခန့်အကြာမှာတော့ သူ့ရဲ့တစ်မိသားစုလုံးဟာ ပြန်လည်လက်စားချေမှုကို ခံခဲ့ရပါတယ်။
ဒါ့အပြင် သူ့ရဲ့ချစ်လှစွာသော သမီးလေးကိုလည်း ခေါ်ဆောင်သွားခဲ့ပြီး ဆယ့်ငါးနှစ်အကြာမှာတော့
ကျွမ်းကျင်လေ့ကျင့်ထားသော လူသတ်သမားတစ်ယောက်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။
အင်တာပိုမှလည်း အတွေ့အကြုံရှိသော အရာရှိလန်အား ပြန်လည်အလုပ်ခေါ်ယူရင်း
မဒန်ရိုစ့် ခေါင်းဆောင်သော ရာဇဝတ်ဂိုဏ်းအား ချေမှုန်းဖို့ပြင်ဆင်ခဲ့ရာမှာ……..။
အက်ရှင်ဇာတ်ကားဖြစ်ပြီး တိုက်ပေ့ခိုက်ပေ့ဆိုသည်များကို သဘောကျသော ပရိတ်သတ်တွေ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

pCloudမှဒေါင်းရန်360P( 379mb) >> http://adf.ly/1gF0qZ
pCloudမှဒေါင်းရန်720P( 908mb) >> http://adf.ly/1gF0sy

credit-www.channelmyanmar.com

Iru Mugan (2016) မြန်မာစာတန်းထိုး

မင်္ဂလာပါခင်ဗျာ၊ Korea နဲ့ Hollywood အလှည့်ပြီးတဲ့အခါမှာ အရှေ့တိုင်းရဲ့ အထင်ကရ Bollywood 2016 Movie choice အနေနဲ့ Action ကားကောင်းကောင်းကြိုက်သူများအတွက် နာမည်ကျော် Vikram ရဲ့ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action Thriller ကားလေး တင်ပေးလိုက်ပါတယ်။ တစ်ကားထက် တစ်ကား ပိုမိုပြီး ထူးခြားဆန်းသစ်အောင် ရိုက်ကူးလာတဲ့ Bollywood ရဲ့ ထုံးစံအတိုင်း.. ဇါတ်အိမ်ကိုအဆင့်မြင်မြင့် နဲ့..  အာဏာရှင် ဟစ်တလာရဲ့... တပ်တွေဆီမှာ စိတ်ကူးယဉ်မြစ်ဖျားခံထားတာကိုတွေ့ရှိရပါတယ်ခင်ဗျ။  မလေးရှားနိုင်ငံမှာ.. ရိုက်ကွင်းအခြေတည်ရိုက်ကူးထားတဲ့အတွက်...  မြင်နေကျ bollywood ရဲ့ အသွင်အပြင်နဲ့ ကွဲပြားနေတာတော့ အမှန်ပါပဲခင်ဗျာ။

ပြင်ပ အထူး အေးဂျင့် အကီလန် ဟာ (Code name) LOVE လို့ခေါ်တဲ့ ရာဇ၀တ်ကောင်တစ်ယောက် ပြန်ပေါ်လာတဲ့အတွက် ရာထူးချထားရာကနေ ပြန်လည်ခေါ်ယူခဲ့ပါတယ်။   ပြန်လည်ဖော်ထုတ်အသုံးပြုရောင်းချဖို့ကြိုးစားခဲ့တဲ့ အကြမ်းဖက်ဒုစရိုက်ခေါင်းဆောင် LOVE ဟာ လေးနှစ်ကြာ  မလေးရှားနိုင်ငံမှာ ဇါတ်မြှုပ်နေခဲ့ပြီးနောက် အာဏာရှင်ဟစ်တလာရဲ့ စစ်သားတွေအပေါ်မှာ စမ်းသပ်သုံးစွဲခဲ့တဲ့.. စိတ်ကြွဆေး တစ်မျိုးကိုဖြန့်ဖြူးဖို့ ကြိုးစားလာတာကို စုံစမ်းသိရှိရတဲ့အခါ  ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့  အေးဂျင့် အကီလန်နဲ့.. LOVE ဆိုတဲ့.. သွေးအေး မူးယစ်ရာဇာတို့ရဲ့ အကြားက ရင်သပ်ရှုမောဖွယ် Action ခန်းတွေကို ရင်တသိမ့်သိမ့်နဲ ရှုစားကြရမှာဖြစ်ပါတယ်ခင်ဗျ။ အထက်က ဆိုခဲ့သလို Vikram ဟာ ဒုစရိုက်ခေါင်းဆောင် အချစ် အနေနဲ့ရော ပြင်ပ အထူးအေးဂျင့်တစ်ယောက်အနေနဲ့ရော ပီပြင်စွာ သရုပ်ဆောင်ထားတဲ့အတွက် အထူးပြုလုပ်ချက်တွေကို ပိရိသေသပ်စွာ ဖန်တီးထားပါတယ်။ ထို့အတွက် ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း. ဇါတ်လမ်းတွေစောင့်မျှော်နေကြတဲ့ Bollywood ချစ်ပရိသတ်များအနေနဲ့...  2016 လက်ရာသစ် Sci-fi Actin ဇါတ်ကြမ်းကြီးကို..လွယ်လင့်တကူ.  စီးမျော ခံစားနိုင်ကြစေဖို့ ..စီစဉ်တင်ဆက်လိုက်ကြောင်းပါ ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

pCloudမှဒေါင်းရန်360P( 423mb) >> http://adf.ly/1g53Ig
pCloudမှဒေါင်းရန်720P( 950mb) >> http://adf.ly/1g53Ou

credit-goldchannel

Theri (2016) မြန်မာစာတန်းထိုး

မင်္ဂလာပါ ခင်ဗျာ၊ Imdb user များရဲ့ Top-rated Indian Movies တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Theri  ဟာ Top-rated ဆိုတဲ့အတိုင်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခံ့ကောင်းမွန်ပြီးသား၊ ကြည့်ရှုသူကို အကောင်းဆုံး entertain လုပ်ပေးနိုင်မယ့် Movie ဖြစ်တယ်လို့ ညွှန်းဆိုပါရစေခင်ဗျ။ Indian Movie Soundtrack ခပ်လန်းလန်းလေးတွေ ပါဝင်တဲ့အပြင် ဗီလိန်သရုပ်ဆောင်တွေပါ မကျန်... စိတ်နှစ်ပြီး ကြိုးစားအားဖြည့်ထားရတာကိုတွေ့ရှိရတဲ့အတွက်ကြောင့်... ကြည့်ရတာ တန်တယ်ကွာ..လို့ .. မှတ်ချက်ချမိကြမှာမလွဲပါဘူးခင်ဗျ။
Theri ဆိုတဲ့တမီလ် ဘာသာစကား  ခေါင်းစဉ်လို အစိတ်စိတ်အမြွာမြွာ ကွဲထွက်မနေတဲ့ Theri ရဲ့ ဇါတ်ကြောင်းဟာ..  Hollywood ရဲ့ မင်းသားကြီး Liam Neeson ပါဝင်တဲ့ Taken movie sequel နဲ့ ယောင်ယောင်လေး တူပါတယ်။ အဓိက ကွဲပြားတာကတော့ Theri က Drama နဲ့ Action ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့အပြင်... ရသမျိုးစုံပေးစွမ်းနိုင်အောင် ကြိုးစားထားတဲ့အတွက် အရှေ့တိုင်းရဲ့ Action ဇါတ်ကားတစ်ကား အထူးသဖြင့် တမီလ် ရုပ်ရှင်တွေထဲမှာ အတော်ကြီးကို အဆင့်အတန်းမြင့် တန်းဝင်တဲ့ Movie တစ်ခု အဖြစ် စာရင်းတို့ထားရမှာဖြစ်ပါတယ်။ အာဏာရှင် ဆန်ဆန် လူတစ်စုကြောင့်  မိသားစုဝင်အတော်များများနဲ့ သေကွဲကွဲခဲ့ရတဲ့ ရဲအရာရှိတစ်ယောက်ဟာ... အသက်လိုချစ်ရတဲ့ သမီးငယ်ကလေးဆီကို အန္တရာယ် ကျရောက်လာတဲ့အခါ...   သက်စွန့်ဆံဖျား ကြိုးစားကာကွယ်ရင်းက... အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်တဲ့ အရိပ်မည်းတစ်ချို့ထည့်ပေါင်းပြီး  သွေးကြွေး၊ ရန်ငြိုး၊ ကလဲ့စားတွေနဲ့ .. မီးဟုန်းဟုန်းတောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ ရိုးသားကြိုးစားတဲ့ အရာရှိကောာင်းတစ်ယောက်ဘ၀ကနေ..  ဒုစရိုက်လောကထဲကို ခြေစုံပစ်ဝင်ပြီး မွှေနှောက်ထိုးဖောက်ဝင်ရောက်လာတဲ့..  ခပ်ကြမ်းကြမ်း လူတစ်ယောက်အဖြစ် မင်းသား Joseph Vijay ကို စိတ်အားရကျေနပ်စရာ ရှုစားကြရမှာဖြစ်ပါတယ်။ ကြည့်ရှုခဲ့ဖူးသမျှ Tamil Action Drama ဇါတ်ကားတွေထဲမှာ.. Theri ကတော့ဖြင့်... .. ပရိသတ်ကြီးအတွက် စိတ်နှစ်ပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ Movie ဖြစ်တယ်လို့ ...  ညွှန်းဆိုပေးချင်ပါတယ်ခင်ဗျာ။

pCloudမှဒေါင်းရန်360P( 431mb) >> http://adf.ly/1g52gV
pCloudမှဒေါင်းရန်720P( 968mb) >> http://adf.ly/1g52lx

credit-goldchannel

Joker (2016) မြန်မာစာတန်းထိုး

တကယ်ကြည့်လို့ကောင်းစေမယ့် ဘောလီးဝုဒ်ကားလေးပါ။ အိန္ဒိယက ရွာငယ်လေးတစ်ခုမှာနေတဲ့"မန်နာမန်နန်" ဆိုတဲ့သူဟာ "မလီကာ"ဆိုတဲ့ကောင်မလေးကို လက်ထပ်ခွင့်ရဖို့အတွက် သူမဆန္ဒအတိုင်း အိမ်သာဆောက်ဖို့ အစိုးရအကူအညီယူခဲ့တယ် ဒါပေမယ့် အထက်လူတွေရဲ့ အဆင့်ဆင့်လာဘ်စားမှုတွေကြောင့် အိမ်သာကို အစိုးရကချပေးသလို အကုန်မဆောက်ပေးဘဲ သမ္မတလာမယ့်အိမ်လောက်သာ ဆောက်ပေးခဲ့တယ် သူတို့အိမ်မှာဆောက်နေရာကနေ သမ္မတလာမယ့်အိမ်ကိုပြောင်းဆောက်ကြတယ် တစ်နေ့မှာ"မလီကာ"ဟာကိုယ်ဝန်  ကြီး နဲ့  အဲဒီဆောက်လက်စအိမ်သာမှာတက်တော့ မိုးရေတွေကြောင့် အုတ်တွေပြို ပြီး ကိုမာဘဝရောက်သွားခဲ့ရတယ်သူအရမ်းချစ်ရတယ့် မိန်းမစိတ်နဲ့ပဲ ယဉ်ယဉ်လေးရူးသွားခဲ့ပြီး သမ္မတဖြစ်မှ အမှန်တရားဖော်ထုတ်နိုင်မယ်ဆိုပြီး သူ့ကိုသူ သမ္မတတစ်ယောက်လို နေခဲ့တယ်
ဒီကားလေးထဲမှာ ရယ်စရာအခန်းလေးတွေပါသလို သနားစရာကောင်းတာလေးတွေကိုလဲ ကြည့်ရှုခံစားရမှာပါ။

pCloudမှဒေါင်းရန်720P( 846mb) >> http://adf.ly/1g52MS

credit-goldchannel

Cyborg She ( 2008 ) မြန်မာစာတန်းထိုး


ဒေါင်းပြီးသိမ်းထားကြပါ
ဇာတ်လမ်းအညွှန်း
အချိန်ခရီးသွားပြီးပြန်လည်တဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရိုဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်..ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကိုလိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ..ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကိုသံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို ..နှလုံးသားဆိုတာမပါပဲ..စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေးဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာကြည့်လိုက်ဦးနော်..ဇာတ်သိမ်းမှာလည်းသပ်ရပ်စွာသိမ်းသွားပြီး..ဘယ်လိုမှမထင်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်..အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ


pCloudမှဒေါင်းရန်720P( 606mb) >> http://adf.ly/1fSb2p

credit-www.channelmyanmar.org

In The Room (2015) မြန်မာစာတန်းထိုး 18+

ဇာတ်ကားတစ်ခုတည်းကိုဇာတ်အိမ်သုံးခုနဲ့ဖွဲ့စည်းထားတာပါ ဇာတ်လမ်းသုံးခုကွဲထွက်သွားတဲ့သဘောပါ ယောက်ျားလေးတွေအနေနဲ့ ပြောရရင်မိမိချစ်ရတဲ့သူကသာGay(ladyboy)တစ်ယောက်ဖြစ်နေရင်…သင်သူ့ကိုလက်ခံနိုင်ဦးမှာလား…တစ်ခါတစ်လေပုံသေတွက်မရတဲ့အဖြစ်အပျက်လေးတွေရှိနေပါသေးတယ်..ဒီနေရာမှာတစ်ခုရှင်းချင်တာက..’အကယ်၍လက်မခံနိုင်ဘူးဆိုရင်တောင်သင့်ကိုလက်ခံနိုင်လာအောင်ပြုလုပ်နိုင်တဲ့ဂြိုလ်သားကတော့အချစ်ဆိုတဲ့သတ္တဝါပါပဲ…😜မယုံမရှိပါနဲ့..ဒီကားမှာလက်တွေ့ဖော်ပြထားတာကိုတွေ့ရပါမယ်..ခဏကပြောသလိုဇတ်အိမ်သုံးခုကွဲနေတဲ့အတွက် ၁ခုရဲ့အကြောင်းကိုပဲကျွန်တော်ညွန်းပါရစေ
ဘာလို့ဆို စာရှည်ရင်စိတ်အိုင်သွားမှာစိုးလို့ပါဆရာမကြီးတစ်ယောက်ဟာကောင်မလေး၃ယောက်ကိုယောကျာ်းတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာသင်ကြားပေးနေပါတယ်..
သင်ပို့နေတဲ့ပုံစံတွေကလည်းကျွန်တော်တို့တစ်ခါမှမြင်ဖူးတဲ့အကွက်ဆန်းကြီးနဲ့ပါ (😜)ပြီးတော့ဟိုတယ်ထဲမှာဖောက်ပြန်နေတဲ့ကောင်မလေးနေရာမှာတော့ Japanက Pornstarမိန်းမချောလေးပါဝင်ထားပါသေးတယ်“”ချစ်ခြင်းတရားကတစ်ခါတစ်လေမှာကျွန်တော်တို့အတွက်လှုပ်မရတဲ့နွံတစ်ခါပါဗျာ ”’
ဇတ်လမ်းရဲ့ရသကအညွန်းမှာမူတည်တဲ့အတွက်ဒီလောက်နဲ့ပဲအဆုံးသတ်ပါရစေ

pCloudမှဒေါင်းရန်360P( mb) >> http://adf.ly/1fhWQX
pCloudမှဒေါင်းရန်720P( mb) >> http://adf.ly/1fhWqG

credit-www.channelmyanmar.com

Chasing 2016 (မြန်မာစာတန်းထိုး)

ပရိတ်သတ်ကြီး holiday မှာ ပေါ့ပေါ့ပါးပါးနဲ့ ရီမောရင်း အနားယူဇိမ်ကျနိုင်ဖို့ ကိုရီးယား action & comedy ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ် Chasing ဇာတ်ကားဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီး IMDb rate 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ် ဒီဇာတ်ကားမှာ ဟိုတယ်မင်းသားလို့လူသိများတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး Kim Seung Woo အပါအဝင် မင်းသားစုစုပေါင်း (၁၀) ဦး ပါဝင်သရုပ်ဆောင်ထားပါတယ် မင်းသားအငယ်လေးအနေနဲ့တော့ VIXX အဖွဲ့ရဲ့ အဆိုတော်မင်းသားချောလေး Han Sang-hyuk ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းကတော့ ကုမ္ပဏီ CEO တစ်ယောက်ရဲ့ cellphone ကို အကြောက်အလန့်မရှိတဲ့ အထက်တန်းကျောင်းသား gangster အဖွဲ့က ခိုးသွားတဲ့အပြင် အဲ့ဒီ့အဖွဲ့ဆီပဲတစ်ခါ စုံထောက်တစ်ဦးရဲ့ သေနတ်ပါသွားတဲ့အတွက် သူတို့ရဲ့တန်ဖိုးကြီး ပစ္စည်းတွေပြန်ရဖို့ ကျောင်းသားလူဆိုးအဖွဲ့နောက်ကို လိုက်ကြတဲ့အခါမှာ ဘယ်လိုအလွဲအချော်တွေနဲ့ တစ်ဝါးဝါးပွဲကျရမလဲ ဆိုတာ အားပေးကြည့်ရှုနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။

pCloudမှဒေါင်းရန်720P( mb) >> http://adf.ly/1fe1l9

credit-goldchannel

Miss Teacher (2016) မြန်မာစာတန်းထိုး

18+ဇာတ်လမ်းဆန်းဆန်းလေးတွေ တောင့်တနေတဲ့ ပရိတ်သတ်ကြီးအတွက် India 2016 ဇာတ်ကားတစ်ကား တင်ဆက်ပါရစေ..။
Rose Dey သည် တက္ကသိုလ်ကျောင်းတစ်ကျောင်းတွင် ဆရာမအသစ်ဖြစ် ရောက်ရှိလာသည်။ သူမသည် ဆွဲဆောင်မှုရှိသလို ရာဂစိတ်ပြင်းထန်သူတစ်ယောက်လည်း ဖြစ်သည်။ တက္ကသိုလ်ရောက်သည့်အခါ သူမနှင့် တက္ကသိုလ်ကျောင်းသားလေး တန်းဗက်းရှ်နှင့် တွေ့ဆုံရာမှ ရာဂ တပ်မက်မှု သစ္စာဖောက်မှု ဖျားယောင်းသွေးဆောင်မှုနောက်ကွယ် အမှောင်ကမ္ဘာလျှိ့ဝှက်မှုရဲ့ လိမ်ညာခြင်း သောက်လေသောက်ငတ်မပြေသော ရာဂရေယာဉ်ကြောတွင် မျောပါးရင်းနှင့် နောက်ဆုံး ရူးသွပ်သွားပုံကို ရာဂလွန်လျှင် ဒုက္ခရောက်တတ်ပုံကို ကွက်ကွက်ကွင်းကွင်းပြသလိုက်သော Miss Teacher ဇာတ်ကားလေးကို ပရိသတ်ကြီးအတွက် ချစ်ခြင်းအားဖြင့် တင်ဆက်ပေးလိုက်ရပါကြောင်း

Miss Teacher (2016) မြန်မာစာတန်းထိုး
pCloudမှဒေါင်းရန်360P( 500mb) >> http://adf.ly/1fZN3k
pCloudမှဒေါင်းရန်720P( 800mb) >> http://adf.ly/1fZNI9

credit-goldchannel