2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့
ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ်
အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲ
အခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ
2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ်
တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ်
ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်......
တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန်
လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာ
ကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ
အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ်
အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ်
သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ်
စည်းကမ်းဖောက်ရင် အထုတ်ခံရမယ်
ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ်
သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ
အားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့
စာရွက်က အလွတ်ကြီး!
အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ?
သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ?
ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ?
သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ဒီအလုပ်က ဘယ်လောက်အထိတောင် အရေးကြီးနေလို့လဲ?
အဲ့ကုမ္ပဏီကလဲ အမှန်တကယ်က ဘာကုမ္ပဏီလဲ?
ရှစ်ယောက်ထဲကဘယ်သူက လျှို့ဝှက်ချက်တွေကိုဖော်နိုင်ပြီး အလုပ်ရသွားမလဲ?
ပြသချိန် ၁နာရီနဲ့ မိနစ်၄၀ခန့်ကို ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဇာတ်လမ်းထဲမှာမျောသွားပြီး မထတမ်းကြည့်ရလိမ့်မယ်ဆိုတာကို ကျွန်တော်အာမခံရဲတယ်
credit-channelmyanmar